အန်းရန် ဂျန်ရှင်းဆွေ့ကိုကြည့်လိုက်တယ်။ သူကတစ်ချိန်လုံး သူများတောင်းပန်တာကိုပဲခံလာခဲ့ရတာ။ တစ်နေ့မှာ ဂျန်ရှင်းဆွေ့ကိုတောင်းပန်ရလိမ့်မယ်လို့ လုံးဝမထင်ထားဘူး။ သူမကျေနပ်ပဲ မျက်လုံးတွေနီလာပြီးတော့ အသံတိုးတိုးနဲ့ "တောင်းပန်ပါတယ်"

ဂျန်ရှင်းဆွေ့ ခေါင်းတွေကြိမ်းလာပြီးတော့ "ကိစ္စမရှိဘူး ကိစ္စမရှိဘူး မင်းမြန်မြန်သွားပါတော့"

ဇာတ်လိုက်shouရဲ့တောင်းပန်မှုက သူ့ရဲ့အသက်လေးကိုခြိမ်းခြောက်နေသလိုပဲ။ တကယ်လို့ကောင်းကင်ဘုံကအမြင်မကြည်ရင် ကြွသွားပါအုန်းမယ်။ ကျိုးရွှင်တို့အုပ်စုရဲ့မျက်လုံးထဲမှာတော့ သူ့ရဲ့အပြုအမူကခွေးတစ်ကောင်လိုပဲ တခြားသူတွေအပေါ်အထင်အမြင်သေးတယ်။ တခြားသူတွေကလည်းဂျန်ရှင်းဆွေ့ကို အထင်မကြီးကြပါဘူး။ သူတို့က 'ဒဏ်ရာရ'ပြီး ထွက်သွားတဲ့ အန်းရန်ကိုပဲ ထောက်ခံပေးကြတာ။

သူတို့ထွက်သွားတာမြင်တော့ ရှန်ရှင်းချန်ကသူ့ရဲ့အာရုံတွေကို ဂျန်ရှင်းဆွေ့အပေါ်ပြန်ထားလိုက်တယ် "မင်း......"

ဂျန်ရှုင်းဆွေ့ သူ့ကိုနည်းနည်းတော့ကြောက်နေမိတယ် "ဟို...ကျွန်တော်လည်းသွားပြီ နှုတ်ဆက်ပါတယ်"

"ပြန်လာပြန်လာ! " ရှန်ရှင်းချန်ကသူ့ကိုထားဆွဲထားပြီးတော့ အကြံအိုက်နေတဲ့ပုံစံနဲ့ "မင်းဘယ်ပြေးတာလဲ? ငါပြောလို့တောင်မပြီးသေးဘူးဟာကို!"

ဂျန်ရှင်းဆွေ့ကတောင့်တောင့်ကြီးရပ်နေပြီးတော့ "ဘာပြောမလို့လဲ?"

ရှန်ရှုင်းချန် မျက်ခုံးပင့်လိုက်ကာ "အဲ့ဒီအုပ်စုမင်းနဲ့ရန်ညှိုးရှိတာလား?"

"......အဲ့လိုပြောလို့တော့လည်းမရဘူး"

"ရှိတာလား မရှိလာတာလားပဲပြော"

"......နည်းနည်းရှိတယ်"

"ငါထင်သားပဲ!" ရှန်ရှင်းချန်ကမတရားခံနေရတဲ့လူငယ်လေးလို "သူတို့မင်းကိုလုံးဝကြိုက်မနေဘူးဆိုတာ ငါထွက်လာကတည်းကရိပ်မိလိုက်တယ် အဲ့တာကြောင့်မင်းရဲ့အမှားကိုရှာနေကြတာ ဒီသခင်လေးက မိသားစုနောက်ခံကိုအသုံးချပြီး အာဏာမရှိတဲ့သူတွေကို အနိုင်ကျင့်နေကြတဲ့သူတွေကိုအမုန်းဆုံးပဲ!!"

အမြောက်စာခံအတုအယောင်သခင်လေးကပြန်လည်မွေးဖွားပြီးတဲ့နောက်မှာထိတ်လန့်သွားရပြီWhere stories live. Discover now