ရှန်ရှင်းချန်ရဲ့လေသံက အရမ်းမာနေလေတယ်။ အန်းရန်ကလည်းရှက်ရွံ့မှုကြောင့် မျက်လုံးတွေနီလာပြီး "ကျွန်တော်......ကျွန်တော်တမင်လုပ်တာမဟုတ်ပါဘူး"

သူ့ရဲ့အချစ်လေးက အပြောခံနေရတာမြင်တော့ ကျိုးရွှင်ကမခံနိုင်တော့ပဲ "ရှန်သခင်လေး ဒီကိစ္စအတွက်နဲ့တော့ ရန်ရန့်ကိုအပြစ်မပြောသင့်ပါဘူး ပြောရရင် သူ့နောက်ကသူကအကျင့်စရိုက်မကောင်းဘူး အရင်ကတည်းက ရန်ရန်ကိုအနိုင်ကျင့်နေတာ အဲ့တာကြောင့်လည်းကျွန်တော်တို့က အထင်လွဲသွားရတာပါ"

ဂျန်ရှင်းဆွေ့ထောင့်လေးမှာတိတ်တိတ်လေးပဲရပ်နေတာတောင် အာရုံစိုက်ခံရလိမ့်အုံးမယ်လို့ မထင်ထားဘူး။

ဒါပေမဲ့လည်း သူ့စိတ်ထဲမှာတော့သက်ပြင်းချလိုက်မိပြန်တယ်။ ပြောရရင် သူ့ရှေ့ကရှန်ရှင်းချန်က ကျိုးရွှင်ရဲ့စကားတွေကြောင့် ငါ့ကိုနောက်ထပ်ကာကွယ်မပေးလောက်တော့ဘူး။ ဘယ်သူကအမြှောက်စာခံလေးအပေါ်ခံစားချက်ကောင်းရှိနေမှာလဲ?

နောက်တော့ ရှန်ရှင်းချန်က ဂျန်ရှင်းဆွေ့ကို သံသယဖြစ်စွာအကြိမ်အနည်းငယ်လောက်ကြည့်ပြီးတော့ လှောင်ရယ်တဲ့အသံနဲ့ "မင်းတို့ကဒီသခင်လေးကို ကန်းနေတယ်များမှတ်နေတာလား? ငါထွက်လာကတည်းက မင်းတို့လူအုပ်လိုက်ကြီး ဝိုင်းအုံပြီးအပြစ်ပြောနေကြတာလေ။ အဲ့တာတောင်မှ သူကမင်းတို့ကိုအနိုင်ကျင့်တယ်ဖြစ်ရသေးတယ်ပေါ့။ ငါသာရောက်မလာရင် ငါ့ကတ်တော့ပါသွားလောက်ပြီ!"

ကျိုးရွှင်ဒေါသထွက်သွားပြီး ဘာပြောရမှန်းမသိတော့ဘူး။

အန်းရန်ကဘေးကနေသူ့ကိုဆွဲထားပြီးတော့ အသံဖျော့ဖျော့နဲ့ပြောတယ် "အားရွှင်ထားလိုက်ပါတော့ ရှန်သခင်လေးကိုလည်း တောင်းပန်ပါတယ် ကျွန်တော်တို့ရဲ့အမှားပါ သခင်လေးစိတ်ထဲမထားဖို့မျှော်လင့်ပါတယ်"

ရှန်ရှင်းချန်ဘာလို့လဲတော့မသိဘူး။ တကယ်ဆိုသူကလှတဲ့ကောင်လေးတွေကိုအရမ်းကြိုက်တယ်။ တကယ်လို့ဒီအဖြစ်အပျက်သာမရှိခဲ့ရင် ဒီလိုလှတဲ့ကောင်လေးကိုတွေ့တာနဲ့ အရမ်းကိုကောင်းတယ်လို့ခံစားရပြီး သူ့ကိုကာကွယ်ပေးမိမှာ။ ဒါပေမဲ့အခုတော့......သူ့စိတ်ကခံစားချက်မကောင်းဘူး။ အဲ့အပြင်ကို ငိုငိုရီရီနဲ့သူ့ကို စိတ်ရှုပ်စရာကောင်းတယ်လို့ ပိုတောင်ထင်သေးတယ် "ဘာကိစ္စ ငါ့လာတောင်းပန်နေတာလဲ? မင်းတောင်းပန်သင့်တာသူလေ"

အမြောက်စာခံအတုအယောင်သခင်လေးကပြန်လည်မွေးဖွားပြီးတဲ့နောက်မှာထိတ်လန့်သွားရပြီWhere stories live. Discover now