"ရုန်အာ နောက်ဆုံးတော့မင်းနိုးလာပြီ"ဂေါင်တုန်က ရှိုက်ငိုနေတဲ့အသံနှင့် ပြောလိုက်တယ်။
ဝူချွင်ချင်ကလည်း ရှိုက်သံနှင့်"ရုန်အာ မင်းနိုးလာတာအရမ်းကောင်းတယ်။သမားတော်က မင်းအကြာကြီးအိပ်မနေဘူးလို့ပြောသားဘဲ"
ဝူရှိကမျက်ရည်တွေ သုတ်ပစ်လိုက်ပြီး စိတ်သက်သာရစွာ သက်ပြင်းချလိုက်ပြီး ပြောလိုက်တယ်"ရုန်အာ ငါတို့ မင်းနေမကောင်းတာကြောင့် စိုးရိမ်နေကြတာ"
ဟေးရှင်းပွေ့ချီထားတဲ့ ဥကလေးကလည်းငိုပြီးပြောလိုက်တယ်"ပါးပါး သားသားကိုပွေ့ သားသား ပါးပါးကိုဖက်ထားချင်တယ်"
"အခုမဟုတ်သေးဘူး။သူပိုပြီးနေလို့ကောင်းတဲ့အချိန်ကျရင် သခင်လေးကိုပွေ့လိမ့်မယ်"ဟေးရှင်းက ဥကလေးကိုနှစ်သိမ့်လိုက်တယ်။
ကျင်းရှင်က နှာမှုတ်လိုက်ပြီး ဝူရုန်ကိုကြည့်ပြီးပြောလိုက်တယ်"ငါပြောသားဘဲ။သူပြန်ကောင်းလာလိမ့်မယ်လို့ ။မင်းမှငါ့ကိုမယုံကြည်တာ"
"ဒါပေမဲ့ သူကနှစ်ရက်တောင်မှမေ့နေတာလေ။ငါတို့စိုးရိမ်တာပေါ့"ဝူရှိကပြောလိုက်တယ်။
ဟေးဂန်းက အိပ်ရာဘေးမှာရှိနေတဲ့ သမားတော်ကို ပြောလိုက်တယ်"သူ့ခန္ဓာကိုယ်ကို စစ်ဆေးပေးအုန်း"
"သူ အရမ်းကျန်းမာတယ်"သမားတော်က ဝူရုန်၏သွေးခုန်နှုန်းကိုစမ်းပြီး ပြောလိုက်တယ်။
"ဒါဆို ဘာကြောင့်သူကသတိလစ်သွားရတာလဲ?"
"အရင်ကလည်း ကျုပ်ပြောဖူးပါတယ်။ဖြစ်နိုင်တာက သူရဲ့စိတ်ခံစားချက်ကြောင့်ဘဲ"သမားတော်ကထပ်ပြီးပြောလိုက်တယ်။
"ဒါတွေအားလုံးက အဲဒီမကောင်းတဲ့မိန်းမကြောင့်ဘဲ"ဝူရှိကအော်ပြောလိုက်တယ်။
"ဒီအကြောင်းကိုထပ်မပြောနဲ့တော့ မဟုတ်ရင် မင်းအကိုက အဲဒီနေ့ကအကြောင်းကိုထပ်ပြီးတွေးမိလိမ့်မယ်"ဝူချွင်ချင်ကပြောလိုက်တယ်။
"ရုန်အာ မင်းတကယ်ဘဲ အဆင်ပြေရဲ့လား?"ဟေးရွမ်ရီက ဝူရုန်လက်ကိုကိုင်ပြီး မေးလိုက်တယ်။
အချိန်အတော်ကြာမှ ဝူရုန်က သတိပြန်ဝင်လာတယ်။သူကဟေးရွမ်ရီရဲ့လက်ကိုဆုတ်ကိုင်လိုက်ပြီး အားနည်းပြီး အက်ကွဲတဲ့အသံနှင့်ပြောလိုက်တယ်"ကျွန်တော် အဆင်ပြေတယ်"
Chapter(204+205)
Start from the beginning