Chapter(195+196+197)

Start bij het begin
                                    

ဝူရုန်က ဟေးရွမ်ရီကို သူ့လက်မောင်းထဲမှာ တင်းကျပ်စွာဖက်ထားပြီး စကားတစ်လုံးမှမပြောဘူး။

"ကြင်ယာတော် အခုချိန်မှာ သခင်က လဲပြီးတော့ ကောင်းကောင်းအနားယူသင့်တယ်"ဟေးရှင်းကသတိပေးလိုက်တယ်။

ဝူရုန်က ဟေးရွမ်ရီကိုအိပ်ရာပေါ်မှာလဲချပေးလိုက်ပြီး သူကဟေးရွမ်ရီကိုကုသဖို့အတွက်ဆေးညွှန်းရေးသားလိုက်ပြီး ဟေးရှင်းကိုပေးလိုက်တယ်။ဒီထဲကအတိုင်းဆိုရင်ဟေးရွမ်ရီက သူ့ရဲ့စိတ်စွမ်းအင်ကိုပြန်ရနိုင်လိမ့်မယ်လို့သူကအခိုင်အမာပြောနိုင်တယ်။ပြီးတော့သူကမေးလိုက်တယ်"ကျွန်တော့်မိဘတွေကဘယ်မှာလဲ?"

"သူတို့က ခန်းမထဲကခေါင်းတလားထဲမှာအနားယူနေကြတယ်"ဟေးရှင်းကပြောလိုက်တယ်။

"ကျေးဇူး"ဝူရုန်က သူ့မိဘတွေကိုတွေ့ဖို့အခန်းပြင်ကို ထွက်လာခဲ့ပြီး သူကလက်သီးကို ကျစ်ကျစ်ပါအောင်ဆုတ်ထားတယ်။

ခန်းမကို ဝမ်းနည်းခြင်း အထိန်းအမှတ်လိုပြင်ဆင်ထားတယ်။သူ့ရဲ့မိဘတွေကိုတော့ ကြီးမားတဲ့ခေါင်းတစ်လားအတွင်း အတူတူထည့်ထားတယ်။ဝူချွင်ချင်ရဲ့လက်တွေ ခေါင်းတွေကိုပြန်ချုပ်ထားပေးပြီး ဂေါင်တုန်ကိုအဝတ်အသစ်တွေ ဝတ်ဆင်ထားပေးတယ်။သူတို့က အိပ်ပျော်နေသလိုမျိုး ငြိမ်းချမ်းစွာအနားယူနေတယ်။

"အမေ အဖေ ငြိမ်းချမ်းစွာအနားယူပါတော့။တကယ်လို့ ရှိအာနဲ့ဇူအာကိုတွေ့ရင် ပြောလိုက်ပါ ကျွန်တော် သူတို့ကိုကလဲ့စားချေပြီးပြီ။ပြီးတော့ ကျွန်တော် ရန်ကျီဇောင်နဲ့ သူ့ရဲ့ဆရာသခင်ကိုလည်းသေချာပေါက် သတ်ပစ်မယ်"ဝူရုန်က သူ့အမေနဲ့အဖေရဲ့အဝတ်ကိုကိုင်ပြီး တိုင်တည်ပြောဆိုလိုက်တယ်။

"သခင်"အစောင့်ကရုတ်တရက်ပြောလိုက်တယ်။

ဝူရုန်ကလှည့်ကြည့်လိုက်တော့ ဟေးရွမ်ရီကိုတွေ့လိုက်ရတယ်။သူက ဟေးရွမ်ရီရဲ့ အခြေအနေကိုစိုးရိမ်တာကြောင့် သူ့နားကိုသွား၍ထိန်းပေးလိုက်ပြီး ပြောလိုက်တယ်"ခင်ဗျားက အားနည်းနေသေးတယ်လေ..ဘာလို့အိပ်ရာပေါ်မှာမနေတာလဲ?"

ဟေးရွမ်ရီက သူ့ကိုလာတွဲတဲ့လက်ကိုကြည့်လိုက်ပြီးသူကသူ့လက်နှင့်ထပ်အုပ်ကိုင်လိုက်ပြီးပြောလိုက်တယ်"ဒီနေ့က မင်းမိဘတွေရဲ့ဈာပနလေ. ဘယ်လိုလုပ်ပြီး အိပ်ရာပေါ်မှာနေလို့ဖြစ်မှာလဲ?"

COTAW(Zawgyi)Waar verhalen tot leven komen. Ontdek het nu