Chapter(192+193+194)

Start from the beginning
                                    

"......."ဟေးရွမ်ရီ

သူမက သူ့လက်ကိုနမ်းမိသွားတာဖြစ်တယ်။ဒါကလည်း သူကသူ့ရဲ့လက်ကိုနှုတ်ခမ်းမှာကာပြီးသူမကို တားခဲ့တာကြောင့်ဖြစ်တယ်။

ဝူရုန်က လက်ကိုင်ပဝါကို ထုတ်ယူပြီး နှုတ်ခမ်းနီနေရာကို သုတ်ပစ်လိုက်တယ်။သူက ဟေးရွမ်ထန်ပြောခဲ့သလိုမျိုးသဝန်တိုသလိုခံစားရတယ်။

သူက သူ့လူကိုဘယ်သူကမှထိတာကို မကြိုက်ဘူး။ဒါက သူ့ရဲ့အင်္ကျီလက်ဘဲဆိုရင်တောင် မရဘူး။

ဝူရုန်က ထပ် ထပ်ပြီးသုတ်ပစ်လိုက်တယ်။သူက ဟေးရွမ်ရီရဲ့လက်ခုံ နီရဲလာသည့်တိုင်အောင် မရပ်သေးဘူး။သူကဘာများ မှားနေတာလဲ?သူကပုံမှန်မဟုတ်ဘဲ သဝန်တိုနေတာဘဲ။

"ဟေးရွမ်ရီ ခင်ဗျားအခုချက်ချင်းလက်သွားဆေး!မသန့်ရှင်းမချင်းပြန်မလာနဲ့"ဝူရုန်က လက်ကိုင်ပဝါကိုပစ်ချလိုက်ပြီး"ပြီးတော့ ရေချိုးခဲ့!ဘာအနံ့အသက်မှမကျန်စေနဲ့"

"......"ဟေးရွမ်ရီက မတ်တပ်ထရပ်ပြီး ဝူရုန်ကလက်ကိုင်ပဝါမုန်းတယ်လို့ထင်တာကြောင့် သူက ဒါကိုလောင်ကျွမ်းစေလိုက်တယ်။

ဝူရုန်ကအပြင်ဘက်ကိုကြည့်လိုက်တော့ ဝူဝေ့ရွယ်ကဟေးရွမ်ရီကိုဘယ်လိုနမ်းလိုက်တယ်ဆိုတာ မြင်ယောင်လာပြီး ဒါကသူ့ကိုခေါင်းတောင်ကိုက်စေတယ်။သူက မတ်တပ်ထရပ်လိုက်ပြီး အိပ်ခန်းထဲကိုဝင်သွားလိုက်တယ်။ရုတ်တရက် သူက ပုံရိပ်တွေအများကြီးနဲ့အသံတွေဟာ သူ့ခေါင်းထဲကိုဝင်ရောက်လာတယ်။ဒီပုံရိပ်တွေက ဘာတွေလဲဆိုတာဖမ်းလို့မရအောင် မြန်ဆန်လွန်းတယ်။သူအိပ်ရာနားကိုရောက်တဲ့အချိန်မှာ ရုတ်တရက် သူ့အမြင်အာရုံကမှောင်ကျသွားပြီးလဲကျသွားတယ်။

*****

ဝူရုန်ကဘာမှမမြင်ရပေမဲ့သူက ဆူညံ့တဲ့အသံတွေကို ကြားလိုက်ရတယ်။တစ်စုံတစ်ယောက်က ကျယ်လောင်စွာအော်ပြောနေပြီး ဒါကစိတ်အနှောင့်အယှက်ဖြစ်စရာကောင်းလှတယ်။

အချိန်ခဏကြာပြီးသည့်နောက်မှာတော့ သူမျက်လုံးဖွင့်လို့ရသွားပြီး သူကကြောက်စရာကောင်းတဲ့မျက်နှာတုကို ဝတ်ဆင်ထားတဲ့ ဟေးရွမ်ရီကိုတွေ့လိုက်ရတယ်။

COTAW(Zawgyi)Where stories live. Discover now