တကယ်လို့သူက အစကတည်းက ဝူရုန်ကို အဲဒီနေရာမှာဘာမှမလုပ်ပါဘူးလို့ ကတိမပေးခဲ့ဘူးဆိုရင် တစ်ယောက်ကမှ သူ့ကိုထိခိုက်အောင် လုပ်နိုင်မှာမဟုတ်ဘူး။
"ဒီလိုသာဆိုရင် ပျင်းစရာကောင်းတယ်။တကယ်လို့ခင်ဗျားသာ ကျွန်တော့်ရဲ့ရန်သူတွေကိုသတ်ပေးမယ်ဆိုရင် ကျွန်တော်က ဘာလုပ်သင့်လဲ?"ဝူရုန်ကပြုံးပြီးပြောလိုက်တယ်။
"မင်းက ကိုယ့်ကိုဘယ်နေရာမှာ ဘယ်သူ့ကိုသေစေချင်လဲဆိုတာဘဲပြောဖို့လိုတယ်"
"တကယ်လို့ ကျွန်တော် ခင်ဗျားကို ဝူချန်ဇီကိုသတ်စေချင်တယ်လို့ပြောရင် ဘယ်လိုလဲ?"ဝူရုန်က အပြုံးအကြီးကြီးနှင့်ပြောလိုက်တယ်။
ရုတ်တရက် ဟေးရွမ်ရီက ထရပ်ပြီး အပြင်ကို လျှောက်သွားလိုက်တယ်။
"ခင်ဗျားဘယ်သွားမလို့လဲ?"ဝူရုန်က စိတ်ရှုပ်သွားတယ်။
"ဝူချန်ဇီကို သွားသတ်မလို့"
"ဟန်??"တစ်စက္ကန့်လောက်ကြာမှ ဝူရုန်က သူပြောတာကိုနားလည်သွားတယ်။သူက ဟေးရွမ်ရီရဲ့ကျောပေါ်ကို ခုန်တက်ပြီးပြောလိုက်တယ်"ကျွန်တော် ရယ်စရာပြောနေတာ။ခင်ဗျားကဘာကြောင့်အတည်ယူရတာလဲ?ခင်ဗျားသွားလို့မရဘူး။ဒါကိုကျွန်တော်ကကိုယ့်ဘာသာကိုယ်လုပ်နိုင်တယ်"
ဟေးရွမ်ရီက လမ်းလျှောက်နေတာကို ရပ်တန့်လိုက်ပြီး သူ့ကျောပေါ်မှာရှိနေတဲ့ ဝူရုန်ကို ထိန်းပေးလိုက်တယ်။
အဲဒီအချိန်မှာဘဲ ပြတင်းပေါက်အပြင်ဘက်မှာရှိနေတဲ့လူတစ်ယောက်က ပြောလိုက်တယ်"အကိုကြီး မရီး ဘာလုပ်နေကြတာလဲ?"
ဟေးရွမ်ရီနှင့်ဝူရုန်သည် အပြင်ဘက်ကိုကြည့်လိုက်တယ်။ဟေးရွမ်ထန်ကလည်း သူတို့ကိုစိတ်ရှုပ်စွာ ကြည့်နေတာကိုတွေ့လိုက်ရတယ်။
ဝူရုန်က မျက်တောင်ခတ်လိုက်တယ်။ရုတ်တရက် သူကိုယ်လုံးတီးဖြစ်နေတာကို နားလည်သွားပြီးအော်လိုက်တယ်"ဟေးရွမ်ရီ သူ့ကိုရိုက်!"
ဟေးရွမ်ရီကလည်း ဝူရုန်ကိုယ်လုံးတီးဖြစ်နေတာကို နားလည်သွားတယ်။သူက စွမ်းအားတစ်ခုကို ဟေးရွမ်ထန်ထံကိုပစ်လွတ်လိုက်ပြီး နာကျင်စွာအော်တဲ့အသံက ပြန့်လွင့်လာတယ်။ဟေးရွမ်ထန်သည လေထဲကို လွင့်ထွက်သွားပြီး နောက်ဆုံးမှာတော့ သူကရေကန်ထဲကိုကျသွားတယ်။
Chapter(190+191)
Start from the beginning