"အဆင့်တစ်ဆယ်ဆိုတာ မရှိဘူး။ကိုယ် အဆင့်ကိုးကိုရောက်ပြီးသွားတော့ ကိုယ့်စိတ်စွမ်းအင်နယ်မြေက ပိုပြီးကျယ်ပြန့်လာပြီး စိတ်စွမ်းအင်တွေ ပိုများများ သိုလှောင်လာနိုင်ပြီး ကိုယ်တို့ကလန်ရဲ့ပညာရပ်တွေကို ပိုပြီးအစွမ်းထက်လာအောင်ထုတ်ဖော်နိုင်တယ်။မကောင်းဆိုးဝါးတွေအားလုံးအပြင်ထွက်ခြင်းကို ဥပမာထားပြီးပြောရရင် မင်းဂိုလင်းမြို့မှာမြင်ခဲ့တဲ့ပညာရပ်က သူ့ရဲ့စွမ်းအားမလုံလောက်တာကြောင့် ပြီးပြည့်စုံစွာမထုတ်ဖော်နိုင်ခဲ့ဘူး။တကယ့်မကောင်းဆိုးဝါးအပြင်ထွက်ခြင်းက အဲဒီထက်ကို အဆပေါင်းများစွာ ဆိုးဝါးတယ်။ပြီးတော့ အဆင့်မြင့်မကောင်းဆိုးဝါးတွေကို ဆင့်ခေါ်နိုင်တဲ့အထိဖြစ်ပေါ်လာစေနိုင်တယ်"

"......"ဝူရုန်က တိတ်ဆိတ်စွာနှင့်ဘဲ သူ့ကိုစိုက်ကြည့်နေတယ်။

"ဘာဖြစ်လို့လဲ?"ဟေးရွမ်ရီက စိတ်ရှုပ်သွားတယ်။

"ခင်ဗျား"

"ဟန်?"

"ခင်ဗျား အရင်တုန်းက ကျွန်တော့်ကို ဒီလောက်ထိ စကားများများ မပြောဖူးဘူး"

အရင်ဘဝတုန်းကသာ ဟေးရွမ်ရီက သူ့ကိုစကားများများပြောခဲ့မယ်ဆိုရင် သူတို့နှစ်ယောက်ကြားမှာ အလွယ်တကူ နားလည်မှုရနိုင်မှာဖြစ်တယ်။

"......."ဟေးရွမ်ရီ

အမှန်ကိုဘဲ သူက စကားများများမပြောဖူးဘူး။ဒါပေမဲ့ ဒါက သူက စကားမပြောချင်ဘူးလို့တော့ မဆိုလိုဘူး။ဒါက သူစကားပြောချင်လောက်အောင် နှစ်သက်တဲ့လူ မရှိတာကြောင့်သာဖြစ်တယ်။

"ကိုယ်နောက်ကျရင်ဟမင်းကိုပိုပြီးစကားပြောပါ့မယ်"

ဒါက အရေးကြီးတဲ့ကိစ္စမဟုတ်ပေမဲ့လည်း ဝူရုန်ရဲ့နှလုံးသားကို နာကျင်စေတယ်။ဝူရုန်က ရုတ်တရက်နာကျင်မှုကြောင့် ဟေးရွမ်ရီကို တင်းနေအောင်ဖက်ထားလိုက်တယ်။မှန်တယ်....သူက ဒီလိုဘဲလုပ်ရမယ်။ဝူရုန်က ဟေးရွမ်ရီ၏ပခုံးမှာ နှစ်မြှုပ်လိုက်ပြီး သူ့ဘေးမှာရှိတဲ့နေတဲ့လူပိုင်ဆိုင်တဲ့ရနံ့နှင့် အသက်ရှူငွေ့ကို ခံစားပြီး စိတ်လျော့ဖို့ကြိုးစားလိုက်တယ်။

COTAW(Zawgyi)Where stories live. Discover now