“ငါ လျှောက်သွားနေတုန်း ကြားမကောင်းတာ တချို့ ကြားခဲ့ရတယ်၊ မင်းက မနေ့တုန်းက အနောက်ပင်လယ်ကနေ ပြန်လာခဲ့တာတဲ့၊ ပြီးတော့ ကျိုးဟူက အဲမှာ ကိစ္စတချို့ကို လုပ်ခဲ့တယ်တဲ့”

ကျိုးရင်းနတ်ဘုရားမက ဟူအာကို တစ်ချက် လှမ်းကြည့်လာသော်လည်း တည့်တည့်မကြည့်ပေ။ အိမ်ရှေ့မင်းသားက သက်ပြင်းချလိုက်ပြီးနောက် ပြောသည်။

“သူက မင်းရဲ့သား ပီသလွန်းတာကိုပဲ အပြစ်တင်ရမယ်၊ နည်းနည်းလောက်လေး စိတ်ဆိုးတာနဲ့ ချီဟွေ့ရေလိုဏ်ဂူတစ်ဝက်ကို ဖြိုချပစ်လိုက်တယ်လေ၊ အနောက်ပင်လယ်ဘုရင်အတွက် သင့်တော်တဲ့ ဖြေရှင်းချက် ပေးရမယ်လေ”

ကျိုးရင်းနတ်ဘုရားမ၏ မျက်နှာပေါ်တွင် အလိုမကျဟန်က ဖြစ်ပေါ်လာသည်။

“အဲဒီ ချီလုံ အောမင်က လုပ်ရဲတယ်လား”

အိမ်ရှေ့မင်းသားက ကျိုးရင်းနတ်ဘုရားမ၏ လက်ကို ဆုပ်ကိုင်လိုက်ပြီးမှ ပြုံးရင်း ပြောသည်။

“ကောင်းပြီ ဒီကိစ္စကို ငါ ဖြေရှင်းပြီးပါပြီ၊ သူက မနက်ဖြန်ကနေ စပြီးတော့ လဝက်လောက် ရေခဲလွင်ပြင်မှာ သန့်ရှင်းရေး သွားလုပ်ရလိမ့်မယ်၊ ပြီးရင် သူ ပြန်လာပါလိမ့်မယ်”

“ရေခဲလွင်ပြင်.. အစ်ကိုနှစ်ဆီမှာလား”

“အင်း.. ဟုတ်တယ်.. အဲဒီရေခဲရုပ်ထုတွေက ပင်းရှီနတ်မင်းရဲ့ ရေခဲအမြုတေနဲ့ ပြုလုပ်ထားခဲ့လို့ ဘယ်သူမှ မထိတွေ့ရဲဘူးလေ အဲဒါကြောင့် သန့်ရှင်းရေးလုပ်ဖို့ လိုနေတာ ဆိုတော့ ဦးရီးတော်နှစ်က အဲဒီအကြံကို အဘိုးတော်ကို ပေးလိုက်တာ”

“မင်း သွားချင်ရဲ့လား”

ကျိုးရင်းနတ်ဘုရားမက ဟူအာကို ရုတ်တရက် မေးလာသည်။ လေသံက နူးညံ့မနေသလို မာလည်း မမာနေပေ။ သို့သော် ဟူအာ မည်သို့ ဖြေရမည်ကို မသိပေ။

“မင်း မသွားချင်ရင် သွားဖို့ မလိုဘူး”

နောက်ထပ် စကားတစ်ခွန်းကို ပြောလာပြန်၏။ သို့သော် ဟူအာ ခေါင်းညိတ်လိုက်သည်။

“မဟုတ်လည်း ဟူအာ ရေခဲချောက်ကို သွားရမှာပါပဲ။ ဒါကြောင့် စိတ်မပူပါနဲ့”

မြေခွေးလေးရဲ့ ချစ်ခြင်း ဒဏ္ဍာရီWhere stories live. Discover now