Chapter(161 to 163)

Start from the beginning
                                    

ဒီခဏမှာ ဝူရုန်က ရန်ကျီဇောင်သည် သူ့အမိန့်တွေကို နာခံလာအောင် အစေခံစာချုပ်ချုပ်ဆိုလိုက်ချင်တယ်။သို့သော်လည်း သူက ဒီလူနှင့်ထပ်ပြီးမပတ်သက်ချင်ဘူး။ဒါ့အပြင် တကယ်လို့သူက ရန်ကျီဇောင်ရဲ့ကံကြမ္မာကိုပြောင်းလဲခဲ့ရင် အရင်ဘဝတုန်းက သူ့ကိုသတ်ဖို့အမိန့်ပေးခဲ့သူကိုဘယ်တော့မှမတွေ့ဆုံမှာကြောက်ရွံ့မိတယ်။

"မင်းကပါရမီရှင်ဘဲ။မင်းကိုသင်ပေးဖို့တစ်စုံတစ်ယောက်ကိုရှာတွေ့ပါလိမ့်မယ်။ကြိုပြီးတော့ဂုဏ်ပြုပါတယ်"

ရန်ကျီဇောင်ရဲ့အပြုံးတွေကတောက်ပလာတယ်။သူကဝူရုန်ရဲ့ချီးမွန်းစကားကိုနှစ်သက်တယ်။ဝူရုန်တစ်ယောက်ထဲသာလျှင်သူ့ကိုဂုဏ်ပြုနိုင်တယ်။အနည်းဆုံးတော့သူက ဝူရုန်လိုမျိုးအသုံးမကျသည့်စိတ်စွမ်းအင်မရှိတဲ့သူမဟုတ်ဘူးလေ။ဝူရုန်ကရန်ကျီဇောင်ရဲ့ပခုံးကိုပုတ်လိုက်ပြီးရန်ကျီဇောင်ရဲ့မျက်လုံးထဲကိုသူ့ရဲ့စိတ်ဝိညာဉ်ဘာသာစကားကိုအသုံးပြုပြီးအမှတ်အသားစွဲထင်စေပြီးအမိန့်ပေးလိုက်တယ်"မင်း-ရဲ့-ဆရာ-သခင်-ကို-ရှာ-တွေ့-တဲ့-အခါ-ငါ့-ကို-ပြော-ကိုပြော-ရ-မယ်"

"ငါလုပ်ပါ့မယ်"ရန်ကျီဇောင်ကမိန်းမောတွေဝေစွာနှင့် အဆက်မပြတ်ခေါင်းငြိမ့်လိုက်တယ်။

သူမကြာခင်မှာဘဲ သတိပြန်ဝင်လာတဲ့အခါမှာတော့ စိတ်ရှုပ်သွားပြီးပြောလိုက်တယ်"ငါက ဘာလုပ်ရမှာလဲ?"

ငါကဘာကြောင့်ငါလုပ်မယ်လို့ပြောလိုက်ရတာလဲ?

ဝူရုန်က သူ့ရဲ့စိတ်ကိုပြောင်းလဲသွားအောင် လျှင်မြန်စွာ စကားလမ်းကြောင်းလွှဲလိုက်တယ်"မကြာခင်မင်းကမြို့ကနေထွက်သွားတော့မယ်ဆိုတော့ ငါတို့ကတစ်ယောက်နှင့်တစ်ယောက်အချိန်အကြာကြီးမတွေ့ရတော့ဘူးပေါ့။ဒါဆိုဒီမှာညစာစားဖို့နေအုန်းလေ"

"တော်ပြီ။ကျေးဇူးဘဲ။ငါကဒီကိုလာပြီးမင်းကိုလာနှုတ်ဆက်ရင်းနဲ့မင်ူကကောင်းကောင်းနေရဲ့လားဆိုတာလာကြည့်တာ။အခုငါကသွားတော့မယ်"ရန်ကျီဇောင်ခေါင်းခါလိုက်ပြီးပြောလိုက်တယ်။

"ဒီလောက်တောင်မြန်လား?"ဝူရုန်ရဲ့မျက်ခုံးတွေကမြင့်တက်သွားတယ်။

COTAW(Zawgyi)Where stories live. Discover now