Chapter 69: Partiality

Start from the beginning
                                    

ရှောင်ကျင့်ထျင်က သူ့စိတ်ထဲတွေးမိသည်: ပထမတုန်းက မူလပိုင်ရှင်ရဲ့ အဒေါ်ဆီမှ နှင်ထုတ်ခံရတဲ့အခါ လယ်မြေတွေ အများကြီးပေးခဲ့တယ်။ မူလပိုင်ရှင်၏မိဘများအနေနှင့် ၎င်းတို့သည် တွန့်တိုမနေနိုင်ပေ။

" မင်းက လယ်မြေလိုချင်တာလား? ရှောင်မိသားစုရဲ့ လယ်မြေက အိမ်နဲ့မနီးတဲ့ မြို့အပြင်ဘက်မှာ ရှိတယ်! " ဝမ်လုက ပြောသည်။

ရှောင်ကျင့်ထျင်က ခေါင်းညိတ်ပြီးပြောလိုက်သည်: " ကျွန်တော် သိတယ်။ ကျွန်တော့်မှာ လယ်​ယာတစ်​ချို့လောက်​ရပြီဆိုတာနဲ့ ​မုရန်နဲ့ကျွန်တော့်သားတွေနဲ့အတူ အိမ်​​ဆောက်​ပြီး ​အဲ့ဒီနေရာမှာ နေချင်​ပါတယ်​။ ကျွန်တော့်သားရဲ့ စိတ်​နေစိတ်ထားကအရိုင်းဆန်တယ်။ အစ်ကိုအကြီးဆုံးရဲ့ သားနှစ်ယောက်နဲ့ဆို သူအဆင်မ​ပြေနိုင်ဘူး။ ရှောင်မိသားစုထဲမှာပဲရှိနေရင် ပြဿနာဖြစ်လာပြီး သူတစ်နေ့လုံး ရန်ဖြစ်မှာကို ကျွန်တော်ကြောက်တယ်။ "

ရှောင်ကျင့်ထျင် ဒီလိုပြောမယ်လို့ မ​မျှော်လင့်ထားသည့်အတွက် ဝမ်လုက ချက်ချင်းအံ့အားသင့်သွားကာ " မင်းက ထွက်သွားတော့မှာလား? "

ရှောင်ကျင့်ထျင်က ခေါင်းညိတ်ပြီးပြောသည်: " လယ်မြေတွေနဲ့နီးနီးကို ရွှေ့ပြောင်းပြီး ပြုစုတာက ပိုကောင်းပါတယ်။ ကျွန်တော် ဒီတစ်ခေါက်ထွက်သွားပြီးကတည်းက လယ်ယာလုပ်ငန်းမှာ အရည်အချင်းကောင်းရှိတာကို တွေ့ခဲ့ရတယ်။ ကျွန်တော် အလုပ်ပိုကြိုးစားရင် ငွေပြန်ဆပ်နိုင်မယ်လို့ ယုံကြည်ပါတယ်။ အမှန်တကယ်တော့ ဒီတစ်ကြိမ်က လက်ငင်းငွေ ၃၀,၀၀၀ ပေးခဲ့ရတယ်။ "

ရှောင်လင်ဖုန်း၏ မျက်နှာမှာအနည်းငယ် အပြစ်ရှိသလိုခံစား​နေရပြီး ဝမ်လု၏မျက်နှာမှာ စိတ်သက်သာရာရသွားသည်။

ရှောင်ချင်းယန်က အေးစက်စက်နှာ​ခေါင်းရှုံ့လိုက်ရင်း မျက်မှောင်ကြုတ်ကာပြောသည်: " တတိယညီ၊ လူတိုင်းလူမိုက်လို့ထင်နေလား? မင်းက အဆင့် ၅ချီ​ကျင့်ကြံသူတစ်ယောက်ပဲ၊ အရင်က မင်း အဆင့်ကတော်တော်နိမ့်တယ်။ လယ်ယာလုပ်ငန်းကနေ ငွေအများကြီး ဘယ်လိုရှာနိုင်မလဲ? မင်းရှာတွေ့ထားတဲ့ ကောင်းကင်ဘုံရတနာပစ္စည်းတွေအားလုံးကို မင်းရောင်းစားခဲ့တယ်မဟုတ်လား? "

ဝိညာဥ်​ရေးရာအပင် ဆရာသခင်အဖြစ် ကူး​ပြောင်းလာခြင်းWhere stories live. Discover now