“မင်းသမီးလေး..”

“နားညည်းတယ်.. ပါးစပ်ပိတ်ထား..”

ပါးစပ်ပိတ်ထားဟု ပြောလိုက်တော့ ရှောင်ချွီ့ အကြံပေးရန် ပြင်နေသော စိတ်တို့ကို မျိုချလိုက်ရသည်။ စည်းတားထားသော ရေစီးကြောင်း အဆုံးသို့ ရောက်ခါနီးပြီမို့ ရှောင်ချွီ့ သက်ပြင်းချလိုက်မိသည်။ ပြီးနောက်တွင် လွတ်လပ်စွာ ပြေးလွှားနေသော.. သူမထံသို့ အကြည့်က တစ်ချက် ရောက်ရှိသွားခဲ့သည်။

“ရပ်စမ်း!!..”

ရပ်စမ်းဆိုလို့ ဇီအာ ခြေလှမ်းတွေ ရပ်လိုက်မိသည်။ အခြွှေအရံတွေ ပါဝင်သော.. လူတစ်ဦးက ဇီအာကို တားဆီးနေ၏။ အနက်ရောင် ဝတ်ရုံရှည်နှင့် ထိုလူက ဘေးနားတွင် မိန်းကလေး တစ်ဦးအား မညှာမတာ ဆွဲဖက်ထားသေး၏။

~~ဒါ ဘာအခြေအနေကြီးလဲ..၊ ဇီအာ ဒီလူ လက်ထဲက မိန်းကလေးကို သူရဲကောင်း လုပ်ပြီးတော့ ကယ်ပေးရမှာလဲ..၊~~

အနားတိုးရမလို နောက်ဆိုရမလို အခြေအနေဆိုမှတော့ ဇီအာ အရှေ့သို့ပင် တိုးလိုက်သည်။ ခါးတွင် လက်ထောက်လိုက်ပြီးမှ..

“ငါက ရပ်လိုက်ပြီ.. မင်းလည်း ရပ်လိုက်တော့..”

ဇီအာ၏ ခါးထောက်ပြီး ပြောလိုက်သော စကားတွင် ရှောင်ချွီ့အပါအဝင်.. ရန်လွေပင် ကြောင်သွားမိသည်။ သူမက ဘာကို ရပ်ခိုင်းတာလဲ..၊

“ငါ ဘာကို ရပ်ရမှာလဲ..”

“ကောင်မလေးကို လွှတ်လိုက်!!..”

“မင်းသမီး!!..”

ရန်လွေက မင်းသမီး ဆိုသော ဝေါဟာရကို ပိုပြီး စိတ်ဝင်စားသွားဟန်ဖြင့်.. လိုက်ပါ ရေရွတ်သည်။

“မင်းသမီး ဟုတ်လား.. ထူးထူးဆန်းဆန်းပဲ..”

ရန်လွေက ထိုမိန်းကလေးကို လွှတ်လိုက်ပြီး ဇီအာ အနားသို့ ရောက်လာသည်တွင် ဇီအာ၏ ခါးတွင် ချိတ်ဆွဲထားသော ရေအလုံးလေးမှ ဓားအသွင်သို့ ကူးပြောင်းသွားပြီး.. ဇီအာ၏ လက်အတွင်းဝယ် ပေါ်လာသည်။ ရန်လွေက အနည်းငယ် စိုးထိတ်သော ဟန်ပန်ဖြင့်..

“ရို့.. ဓားကြီးနဲ့ပါလား.. ငါတောင် ကြောက်သွားတယ်.. ဟား.. ဟား.. ဟား..”

မြေခွေးလေးရဲ့ ချစ်ခြင်း ဒဏ္ဍာရီWhere stories live. Discover now