Chapter 66: Bad Friends

Start from the beginning
                                    

" ဒါပေါ့၊ ကလေးတွေကို သင်ပေးဖို့ အားထုတ်ရမယ်။ " ရှောင်ကျင့်ထျင် သက်ပြင်းချလိုက်သည်။

ထိုစကားကိုကြားလိုက်သဖြင့် ရှောင်ချင်းယန်၏ မျက်နှာမှာပျက်ယွင်းသွားသည်။

ရှောင်ချင်းယန် ထွက်သွားပြီး ရှောင်ကျင့်ထျင်နှင့် ရွှီမုရန်တို့သည် အခြားခြံဝင်းသို့ပြန်ခဲ့ကြသည်။

ကုတင်ပေါ်တွင်ထိုင်ကာ ပျင်းရိစွာ ခြေဖ၀ါးတွေပွတ်နေသော ရှောင်ကျင့်ထျင်ကို စိုက်ကြည့်ရင်း ရွှီမုရန်သည် ပြောစရာစကားမဲ့သွားသလို ခံစားလိုက်ရသည်။

" ဒီနေ့ လမ်းပေါ်မှာလုပ်ငန်းကြီးတွေ တွေ့ခဲ့တယ်။ " လို့ ရှောင်ကျင့်ထျင်က ပြောသည်။

ရွှီမုရန်က ခေါင်းညိတ်လိုက်ပြီး " ဟုတ်တယ်။ သဲကန္တာရမြို့က ကျေးလက်ဒေသထက်သာလွန်တယ်၊ ဒီက​စျေးဆိုင်တွေမှာ ရှေးဟောင်းပစ္စည်းနဲ့ မှော်ပစ္စည်း အများအပြားရှိပေမယ့် သူတို့ကအရမ်းစျေးကြီးတယ်။ "

အရင်တုန်းကတော့ ဒီလိုနေရာမျိုးကိုဝင်ရဖို့ အရမ်းဆင်းရဲခဲ့သည်။ တစ်ခါတစ်ရံ စျေးဆိုင်ထဲဝင်ဖို့ သူစိတ်တွေထင့်နေချိန်မှာတောင် သူ့ရဲ့ ညစ်ပတ်တဲ့ပုံစံကို မြင်လိုက်ရတာကြောင့် ဆိုင်ဝန်ထမ်းတွေက သူ့ကို လက်ခံလိုစိတ်မရှိကြ​ပေ။ တစ်ခါတစ်ရံတွင် ဆိုင်ရှင်အချို့၏ နှင်ထုတ်ခြင်းခံရပြီး ထိုနေရာသည် သူ့လိုလူအတွက်မဟုတ်ကြောင်း လှောင်ပြောင်ပြောဆိုခံခဲ့ရဖူးသည်။

ထိုသို့ တွေ့ကြုံလာရသောအခါတွင် ရွှီမုရန်သည် ဆိုင်အပြင်ဘက်တွင်သာ မတ်တပ်ရပ်ပြီးတောက်ပနေသော ရောင်စုံနံရံကပ်​ကြော်ငြာများနှင့် ကြော်ငြာဆိုင်းဘုတ်များကို တောင့်တစွာကြည့်နေမိတတ်သည်။

" ငါ့မှာ ငွေသုံး​သောင်း​ကျော် ဒါမှမဟုတ် လေး​သောင်း​လောက်ရှိနေသေးတယ်၊ တစ်ရက်တော့ သွားကြည့်ရအောင်။ " ရှောင်ကျင့်ထျင်က ပြောသည်။

ရွှီမုရန်က အံ့သြသွားပြီး " မင်း ဒီနေ့ဘာလို့မသွားတာလဲ? "

ရှောင်ကျင့်ထျင်က ရှက်ရွံ့စွာ ပြန်ဖြေသည်: " မင်းပြောသလိုပဲ၊ ဘာပဲဖြစ်ဖြစ်.... သူတို့က လုပ်ငန်းကြီးတွေ​လေ...။ အဲဒီမှာ ပစ္စည်းတွေက ဈေးကြီးနိုင်တယ်။ ငါတို့ ရှောင်ဖန်ကို အဲဒီကို ခေါ်သွားပြီး ရှောင်ဖန်လိုချင်တာ ဘာမဆိုမတတ်နိုင်ရင် ရှက်စရာ ကောင်းလိမ့်မယ်။ "

ဝိညာဥ်​ရေးရာအပင် ဆရာသခင်အဖြစ် ကူး​ပြောင်းလာခြင်းWhere stories live. Discover now