Chapter 65: Encountering Sun Miaoyin

Start from the beginning
                                    

ရှောင်​ရှောင်ဖန်သည် ငယ်စဉ်ကတည်းက စျေးများမ​ရောက်ဖူးသောကြောင့် ကုန်ပစ္စည်းမျိုးစုံ၏ ဆွဲဆောင်မှုကို မှင်တတ်သွားခဲ့သည်။ ရှောင်​ရှောင်တုန်သည်လည်း စူးစမ်းချင်စိတ်အပြည့်ရှိခဲ့သည်။

ရှောင်ကျင့်ထျင် သဲကန္တာရမြို့ကို ပြန်လာ​သောအခါ တုချိုးရွာရှိသူ့လယ်နဲ့ အိမ်တွေကိုရောင်းခဲ့ပြီး... ဒီမှာ မိသားစုအိမ်ခြံမြေတွေ ရှိတာကြောင့် အခုချိန်မှာတော့ သူတော်တော်ချမ်းသာနေခဲ့ကာ ရှောင်​ရှောင်ဖန် ကြိုက်တဲ့အရာကို သူဝယ်ပေးဖို့ ဆန္ဒရှိနေသည်။

ရှောင်ကျင့်ထျင်သည် အသုံးစရိတ်တစ်ခုလို ပြုမူသည်ကို မြင်လိုက်ရသဖြင့် ရွှီမုရန်က " သူ့ကို ဒီလိုမျိုး မပျက်ဆီး​စေနဲ့။ "

ရှောင်ကျင့်ထျင်က ပြုံးပြီး " ရှောင်ဖန်က အရမ်းငယ်သေးပြီး အပျော်သဘောဆောင်တတ်တဲ့ အရွယ်ပါ။ "

ရွှီမုရန်လည်း ပြုံးပြပြီး သူ့ကိုမတားတော့​ပေ။ ရှောင်ဖန်သည် မွေးကတည်းက ဝေဒနာများစွာ ခံစားခဲ့ရသောကြောင့် ရွှီမုရန် ဝမ်းနည်းခဲ့ရသည်။

ရှောင်​ရှောင်တုန်၏မျက်နှာသည် အမူအယာမဲ့​နေ​ပြီး ရှောင်​ရှောင်ဖန်နှစ်သက်သည့် မည်သည့်အရုပ်ကိုမဆို ကဲ့ရဲ့နေသော်လည်း သူ့မျက်လုံးများ၏ နက်နဲသောနေရာတွင် မနာလိုမှုအနည်းငယ်ရှိနေသည်။

ရှောင်ကျင့်ထျင်က ရှောင်​ရှောင်တုန်ကိုကြည့်လိုက်ကာ " ရှောင်တုန်! မင်းက အရုပ်မလိုချင်ဘူးလား? "

ရှောင်​ရှောင်တုန်က သူ့လက်ကိုအ​နောက်ဖက်တွင် ဆုပ်ကိုင်ထားပြီး ဂုဏ်ယူ​နေ​​သောမျက်နှာဖြင့် ခေါင်းကိုပင့်မြှောက်ကာ " ကျွန်တော်က အရုပ်တွေနဲ့မကစားတော့တာ ကြာပြီ။ " ဟုပြောလိုက်သည်။

ရှောင်​ရှောင်ဖန်က အံ့သြသောအမူအရာဖြင့် ရှောင်​ရှောင်တုန်ကိုကြည့်ကာ: " အစ်ကို၊ အရင်က အရုပ်တွေရှိတယ်မလား? အစ်ကို တိတ်တိတ်လေးပုန်းပြီး ကစားနေတာကို ကျွန်တော်ဘာလို့မသိခဲ့တာလဲ? "

ရှောင်​ရှောင်တုန်သည် သူ့စိတ်ဆိုးသွားသလို ရှောင်ရှောင်ဖန်ကို စိုက်ကြည့်နေကာ " လူမိုက် "

ဝိညာဥ်​ရေးရာအပင် ဆရာသခင်အဖြစ် ကူး​ပြောင်းလာခြင်းWhere stories live. Discover now