Chapter 65: Encountering Sun Miaoyin

Start from the beginning
                                    

ကျိုးခန်းဟယ်က ရှောင်ကျင်းဖုန်းကို ပြောနေတာကို ကြားလိုက်တဲ့အခါ စွင်း​မြောင်ယင်၏ စိတ်မှာအနည်းငယ်သိမ်​မွေ့သွားခဲ့သည်။ ငယ်စဉ်ကတည်းက ရှောင်ကျင်းဖုန်းနှင့် စေ့စပ်ထားခဲ့သော်လည်း သူမ ကြီးပြင်းလာသောအခါတွင် သူမ၏ အရည်အချင်းရှိမှုကြောင့် စေ့စပ်ပွဲကို မကျေမနပ်ဖြစ်ပြီး၊ စွင်းမိသားစုကလည်း အစပိုင်းတွင် စေ့စပ်ပွဲကို အလျင်စလိုဆုံးဖြတ်ခဲ့သည့်အတွက် နောင်တရခဲ့ကြသည်။

ရှောင်ကျင်းဖုန်း၏ မိဘများမရှိတော့သည့်အခါ စွင်းမိသားစုက စေ့စပ်ပွဲကိုဖြတ်တောက်ဖို့ အခွင့်အရေးရယူခဲ့သည်။

ထို့နောက်တွင် စွင်း​မြောင်ယင်မှာ စိတ်သက်သာရာရသွားသည်။ ဒီအတွက် ရှောင်ကျင်းဖုန်းက အချိန်အတော်ကြာ စိတ်ဆိုးလိမ့်မယ်လို့ သူမထင်ခဲ့ပေမယ့် ရှောင်ကျင်းဖုန်းဟာ ​​စွင်း​မြောင်ယင်နဲ့ စေ့စပ်ပွဲပျက်သွားချိန်မှာတောင် ရှောင်ကျင်းဖုန်းက ကောဖြစ်တဲ့ မုရှူးယွီကိုချစ်မိသွားကြောင်း သူမကြားသိရပြီး မုရှူးယွီက ထိုအချိန်တွင် ရှောင်ကျင်းဖုန်း၏ကလေးကိုတောင် ပဋိသန္ဓေယူခဲ့ပါသေးသည်။

စွင်း​မြောင်ယင်သည် ထိုအချက်ကို သိလိုက်ရသဖြင့် အတော်လေး စိတ်မသက်မသာ ခံစားခဲ့ရသည်။

မုရှူးယွီမှာလည်း ပြုစုပျိုးထောင်မှုစွမ်းရည်ရှိပြီး စွင်း​မြောင်ယင်ကဲ့သို့ ချီကျင့်ကြံမှုတွင် အဆင့်ငါးအထိ မြင့်မားလာခဲ့ပြီး သူမကိုပို၍ပင် စိတ်မသက်မသာဖြစ်စေခဲ့သည်။

..........

နောက်တစ်နေ့ နံနက်စောစောတွင် ရှောင်ကျင့်ထျင်သည် သူ့မိသားစုနှင့်အတူ ထွက်လာခဲ့သည်။

ရှောင်ကျင့်ထျင်သည် ရှောင်ကျင်းဖုန်းနှင့် မုရှူးယွီကို အတူတူသွားရန်အတွက် ဖိတ်ကြားခဲ့သည်။ ရှောင်ကျင်းဖုန်းက ရှောင်​ရှောင်ဖန်က ရှောင်ယွဲ့ရုန်ကို ဒဏ်ရာရရှိသွားတဲ့အတွက် အခုလို ဝိုင်းဖွဲ့သွားဖို့ရန် မသင့်တော်ဘူးလို့ ခံစားရပေမယ့် ရှောင်​ရှောင်ဖန်နဲ့ ရှောင်​ရှောင်တုန်တို့ရဲ့ မျှော်လင့်ထားတဲ့ အမူအရာတွေကို ငြင်းလို့မရခဲ့​ပေ။

ဝိညာဥ်​ရေးရာအပင် ဆရာသခင်အဖြစ် ကူး​ပြောင်းလာခြင်းWhere stories live. Discover now