Chapter 49: Qiu Bai's Marriage

Start from the beginning
                                    

" နောက်ထပ် အခန်းသုံးခန်းဆောက်ဖို့က အများကြီးကုန်ကျတယ်။ ဒါပေမယ့် အခုရှောင်မိသားစုအတွက် ကြီးကြီးမားမားကိစ္စတော့ မဟုတ်ပါဘူး။ " ချိုးအ​ဖေက​ပြောသည်။ " မင်းသန်မာလာတဲ့အခါ လုပ်စရာ​တွေအများကြီး ရှိလာလိမ့်မယ်။ ရှောင်မိသားစုရဲ့သိုးမည်းက သူလေးနက်လာတဲ့အခါ ဒီလောက်ထိ စွမ်းဆောင်နိုင်လိမ့်မယ်လို့ ငါမမျှော်လင့်ထားဘူး။ " ဟု ချိုးအ​ဖေက ထပ်​ပေါင်းပြောလိုက်သည်။

ချိုးပိုင် နှုတ်ခမ်းကိုကိုက်လိုက်ပြီး ဘာမှပြန်မပြောပေ။ ရှောင်မိသားစုက အိမ်ဆောက်နေတဲ့အချိန်မှာ ချိုးပိုင်က အဲဒီနေရာကိုသွားကြည့်သောအခါ ရွှီမုရန်က လူတွေကိုစည်းစနစ်တကျ အလုပ်လုပ်ဖို့ စီစဉ်နေတာကို တွေ့ရှိခဲ့ရသည်။ ချိုးပိုင်သည် ဖြစ်နိုင်ချေများ အကန့်အသတ်မရှိဟုသာ ခံစားခဲ့ရသည်။

" ဘာပဲဖြစ်ဖြစ် သူကဘယ်​လောက်ပဲအရည်အချင်းရှိရှိ အခု​တော့လယ်သမားတစ်ဦးပဲ​လေ။ နောက်ဆုံးတော့ သူက မိသားစုကြီးရဲ့ သခင်လေးနဲ့ ယှဉ်လို့မရတော့ဘူး။ ငါ ရှောင်ကျင့်ထျင်ကို သွားမေးကြည့်တော့ သူက မင်းကို လက်ထပ်ဖို့ဆန္ဒမရှိဘူး။ အမှုထမ်းလီရဲ့သားက မင်းကိုလက်ထပ်ဖို့ ဆန္ဒရှိနေတယ်။ သူက မင်းကိုမြင်ပြီးကထဲက မင်းကို အရမ်းသ​ဘောကျ​နေတာ။ လီမိသားစုအိမ်ကို လက်ထပ်ပြီးဝင်​ရောက်တာက မင်းအတွက် ပိုကောင်းပါတယ်။ " ချိုးအ​ဖေက ပြောသည်။

ချိုးပိုင်က မျက်မှောင်ကြုတ်ပြီးပြောလိုက်တယ် " အဖေ၊ အ​ဖေက ကျွန်တော့်ကို မမေးဘဲ ကျွန်တော့်ဘဝကို ဆုံးဖြတ်ခဲ့တယ်။ "

ချိုးအ​ဖေက ဒေါသတကြီး​ပြောလိုက်သည်။ " မင်းအဖေက မင်းကို ဒုက္ခပေးပါ့မလား? ရှောင်ကျင့်ထျင်က မင်းကို စိတ်ဝင်စားတယ်ဆိုရင် ငါလည်း သူ့ကို စဉ်းစားပေးနိုင်တယ်။ ဒါပေမယ့် အခု သူက မင်းကိုဘာမှမထူးခြားသလို အေးစက်စက်နဲ့ လျစ်လျူရှုနေတယ်။ မင်းမျက်နှာပူချင်လို့လား? လီမိသားစုက မြို့တွင်းမှာ စီးပွားရေးအကြီးကြီးလုပ်​နေတယ်။ မင်း လီမိသားစုနဲ့လက်ထပ်ရင် မင်းအနာဂတ်မှာ ချမ်းသာလာလိမ့်မယ်။ "

ချိုးပိုင်က ခေါင်းညိတ်ပြီးပြော၏ " ကျွန်တော်နားလည်ပါပြီ...အဖေ၊ ကျွန်တော် သူ့ကို လက်ထပ်ပါ့မယ် "

ဝိညာဥ်​ရေးရာအပင် ဆရာသခင်အဖြစ် ကူး​ပြောင်းလာခြင်းWhere stories live. Discover now