Chapter 48: Mu Shuyu Has a Baby

Start from the beginning
                                    

" ဒုတိယအစ်ကို၊ မုရှူးယွီရဲ့ အခြေအနေက သိပ်ကောင်းပုံမပေါ်ဘူး။ မင်း ဝင်ကြည့်ပေးပါဦး။ " ရှောင်ကျင့်ထျင်က ပြောလိုက်သည်။

ရှောင်ကျင်းဖုန်းက ခေါင်းညိတ်ပြီး " ကောင်းပြီ။ " ဟု​ပြောသည်။

မုရှူးယွီ နိုးလာတော့ ရှောင်ကျင်းဖုန်းကိုတွေ့သောအခါ အနည်းငယ်စိတ်မသက်မသာ ခံစားလိုက်ရသည်။

ရှောင်ကျင်းဖုန်း ကိုယ်တိုင်လည်း အနည်းငယ် ရှက်သွားပြီး " အဲဒီနေ့က ငါ အရမ်းမူးနေတယ်၊ ​​မင်းနဲ့ ရှိနေတာမလား? "

မုရှူးယွီသည် ခဏမျှ နှုတ်ဆိတ်နေသော်လည်း ခေါင်းညိတ်နေဆဲဖြစ်သည်။

" မင်းဘာလို့တစ်ခုမှမ​ပြောတာလဲ? ငါ ဒါကို​သေချာ​ပေါက် တာဝန်ယူမှာပါ။ " ရှောင်ကျင်းဖုန်းက​ပြောသည်။

" အဲဒီတုန်းက မင်းက ရှောင်မိသားစုရဲ့ သခင်လေးလေ၊ ဒါ့အပြင် မင်းကစေ့စပ်ထားတာ! " လို့ မုရှူးယွီက ဆိုသည်။

ရှောင်ကျင်းဖုန်း၏ အိမ်ထောင်ရေးက သူ့တစ်ယောက်တည်းအတွက် မဟုတ်ပေ။ ၎င်းသည် မိသားစုကြီးနှစ်ခုဖြစ်သည့် ရှောင်မိသားစုနှင့် စွင်းမိသားစုတို့နှင့်သက်ဆိုင်သည်။ တစ်ချိန်တည်းမှာပင်၊ ရှောင်ကျင်းဖုန်းသည် စွင်း​မြောင်ယင်ကိုလက်ထပ်ခြင်းသည် ရှောင်ကျင်းဖုန်း၏ မိဘများ၏နေရာကို ခိုင်မာစေမည်ဖြစ်သည်။ ရှောင်ကျင်းဖုန်းသည် သူလက်မထပ်မီ ပြဿနာတက်ခဲ့လျှင် သူ့ဂုဏ်သိက္ခာကို အကြီးအကျယ် ထိခိုက်သွားလိမ့်မည်ဖြစ်သည်။

ရှောင်ကျင်းဖုန်းက မုရှူးယွီကို ကယ်တင်ပြီးထဲက မုရှူးယွီက သူ့ကို အရမ်းသဘောကျခဲ့သည်။ သူတို့နှစ်ယောက် တစ်ညလုံးအတူတူနေပြီးနောက်၊ မုရှူးယွီသည် ရှောင်ကျင်းဖုန်းကို အမှန်တကယ် ဝန်ခံချင်ခဲ့သည်။

ဝန်ခံခြင်းမပြုမီတွင် မုရှူးယွီသည် စွင်း​မြောင်ယင်ကို သဲကန္တာရမြို့၌ တွေ့ခဲ့သည်။ နူးညံ့သိမ်မွေ့ မွန်မြတ်ပြီး လှပသော စွင်း​မြောင်ယင်သည် မုရှူးယွီကို အကြီးအကျယ်ထိုးနှက်ချက်ပေးခဲ့သည်။ သူမကိုတွေ့ပြီးနောက် မုရှူးယွီသည် ရှောင်ကျင်းဖုန်းနှင့် စွင်း​မြောင်ယင် လက်ထပ်ခြင်းသည် ပိုကောင်းသည်ဟု ခံစားမိသောကြောင့် သူ၏အချစ်ကို မျိုသိပ်လိုက်သည်။

ဝိညာဥ်​ရေးရာအပင် ဆရာသခင်အဖြစ် ကူး​ပြောင်းလာခြင်းWhere stories live. Discover now