Chapter 29: Xiao Jinfeng's accident

5.7K 970 13
                                    

Unicode

" ငါမနက်ဖြန် မြို့ကိုသွားပြီး ဈေးဝယ်ထွက်မယ်၊ ပြီးရင် စလိုက်ကြတာ​ပေါ့။ " ရှောင်ကျင့်ထျင်က ပြောသည်။

ရှောင်ကျင့်ထျင်က ဒီလိုပြောတာကိုကြားတော့ ရွှီမုရန်က သဘာဝအတိုင်းဘာထင်မြင်ချက်မှမရှိဘဲ " ကောင်းပြီ " လို့ပြောလိုက်တယ်။

နောက်တစ်နေ့တွင် ရွှီမုရန်သည် ရှောင်ကျင့်ထျင်ဝယ်ခဲ့သည့်အရာတွေကို ကြည့်ပြီး စကားမပြောနိုင်ပေ။

" ငါပြန်လာပြီ၊ ငါမင်းအတွက် အများကြီးဝယ်ခဲ့တယ်၊ လာကြည့်ဦး " ရှောင်ကျင့်ထျင်သည် ရွှီမုရန်ကိုစိတ်လှုပ်ရှားမှုအပြည့်ဖြင့် ပြောလိုက်သည်။

" ဒီဖိနပ်တွေကိုကြည့်ဦး၊ လေထိုးဖိနပ်လို့ခေါ်ပြီးဒီဖိနပ်က အရှိန်ကိုနှစ်ဆတိုးနိုင်တယ်။ ဒီအဝတ်အစားတွေက တိုက်ခိုက်စွမ်းအား၏ 50% ကိုချေမှုန်းနိုင်တဲ့ အဆင့်သုံးအင်္ကျီဖြစ်တယ်၊ ပြီးတော့ဒါက အဓိကအစိတ်အပိုင်းများကို ကာကွယ်နိုင်တဲ့ အတွင်းပိုင်းချပ်ဝတ်တန်ဆာဖြစ်ပြီး ဒီပုတီးစေ့တွေကလည်း ပစ်လိုက်ရင် ပေါက်ကွဲသွားလိမ့်မယ်။ စိတ်မ​ကောင်းစရာက ဒီအရာ​တွေက တစ်ခါသုံးပစ္စည်းများဖြစ်နေပြီး တစ်ခါသုံးပြီးရင် ပျောက်ကွယ်သွားလိမ့်မယ်။ ငွေဒင်္ဂါး၇ပြားနဲ့ တိုက်ခိုက်ရေးစက္ကူဝါအချို့လည်း ဝယ်ခဲ့တယ်၊ အရမ်းတန်တာပဲ... "

သူ၏ ဘဝသက်တမ်းနှစ်ခုတွင် ရှောင်ကျင့်ထျင်သည် သူ့ဘဝကို ထူးထူးခြားခြား တန်ဖိုးထားခဲ့ပြီး သူ၏ခွန်အားကို မြှင့်တင်ပေးနိုင်သည့် ကျောက်စိမ်းတိမ်မြက်များကို မက်မောခဲ့သော်ငြားလည်း သူ့ကိုယ်ပိုင်ဘဝကိုပိုတန်ဖိုးထားခဲ့သည်။

" မင်းပိုက်ဆံဘယ်လောက်သုံးခဲ့လဲ! " ရွှီမုရန်က ပစ္စည်းနှစ်စုံဝယ်လာတဲ့ ရှောင်ကျင့်ထျင်ကိုမေးလိုက်တယ်။ ရွှီမုရန်အတွက် ဝတ်စုံကို ကုတင်ပေါ်တွင်ချထားလိုက်သည်။ သူ့အတွက်ဝတ်စုံက ဝတ်ဆင်ထားပြီး ရှောင်ကျင့်ထျင်သည် သူ့အတွက်သူ ဝါးစိမ်းဓားရှည်တစ်လက်ကိုလည်း ဝယ်ခဲ့သည်။

ရှောင်ကျင့်ထျင်က ရှက်ရွံ့စွာပြုံးပြီး " စုစုပေါင်း ငွေပြား၁၄၀ " လို့ပြောလိုက်တယ်။

ဝိညာဥ်​ရေးရာအပင် ဆရာသခင်အဖြစ် ကူး​ပြောင်းလာခြင်းWhere stories live. Discover now