အပိုင်း - ၇၄

2.3K 247 1
                                    

Unicode

အပိုင်း - ၇၄ မင်းမ‌‌ကြောက်နဲ့ မင်းက ငါ့လူ ၊ မင်းကိုဘယ်သူမှမထိရဲဘူး

"ဘာကြောင့်လဲ?" 

မုရှောင်းရှောင် စိတ်မကောင်းဖြစ်သွားပြီး နှိပ်ပေးရာကနေ ယင်းရှောင်ကျဲရဲ့ စကားကိုကန့်ကွက်တဲ့ အနေနဲ့ သူ့ကျောကို တဘုန်းဘုန်းနဲ့ ရိုက်တော့သည်

“ ငါ ဝန်ထုပ်ဝန်ပိုးကြီး မထမ်းချင်ဘူး  ဒါ့အပြင် မင်းကို လန့်တယ်  ဘာလုပ်မယ်မှန်း မသိဘူး ပြီးတော့  မင်းကို ခေါ်သင့်တဲ့ အကြောင်းပြချက်တစ်ခုပေး  မပေးနိုင်ရင် မသွားတာကောင်းတယ် အိမ်မှာပဲ ငြိမ်ငြိမ်လေး ထိုင်ပြီး တီဗီ ကြည့်ရင် ကြည့် မကြည့်ရင် ဖုန်းသုံး  "

"ငါမလုပ်ချင်ဘူး!" 

မုရှောင်းရှောင် သူမရဲ့နှုတ်ခမ်းကို ကိုက်လိုက်ပြီး  ယင်းရှောင်ကျဲ လက်မောင်းကို ဆွဲယမ်းပြီး  အလိုလိုက်ခံရလို့
ပျက်စီးနေသောကလေးငယ်တစ်ဦးလိုမျိုး 

“ ကျဲ ငါလိုက်ချင်တယ်၊ ငါ့ကို ခေါ်သွား နော် ကျဲ  နော် နော် ? ခေါ်သွားမယ်လား ဟင် ဟင် ”

လို့ ဂျီတိုက်ပူဆာတော့သည်

ယင်းရှောင်ကျဲ သူမရဲ့ တကယ် လိုက်ချင်‌နေတဲ့ ပုံကို ကြည့်ပြီး  လေးလေးနက်နက်စဉ်းစားကာ ဖြည်းဖြည်းချင်း ပြောလိုက်သည်။

“ အိုကေ! ငါသိပြီ  ငါ့ကို ခေါ်သွား‌ပေး ဟုတ်ပြီလား ၊ ဒါဆို ကျဲ ကိုအိပ်ခန်းတစ်ဝက် သုံးခွင့်ပေးမယ် ဘယ်လိုလဲ  ဒီလိုဆို အဆင်ပြေရဲ့လား?"

မုရှောင်းရှောင် သူမရဲ့ ရည်ရွယ်ချက်ကို ပြည့်မြောက်စေရန် ယင်းရှောင်ကျဲ လိုအပ်မယ့် အရာတစ်ခုကို ပေးပြီး မြန်မြန်ဆန်ဆန် ညှိနှိုင်းလိုက်သည်

ထို့စကားကြားတဲ့နောက် ယင်းရှောင်ပျဲ ဖြင့်ပြုံးလိုက်ပြီးကျေနပ်တဲ့ မျက်နှာဖြစ်သွားပြီး

  "ဒီလိုညှိနှိုင်းတာက ကောင်းသားပဲ  !"

ယင်းရှောင်ကျဲ နောက်ဆုံးတွင် အိပ်ခန်းကို ပြန်ယူရန်ကြိုးစားလိမ့်မည်ဟု သူမသိသောကြောင့် သူမက ဦးအောင် အရင်
ကမ်းလှမ်းလိုက်သည်

ချစ်ခြင်းဘီလီယံ  ( Billion of Pampering Only For You)Where stories live. Discover now