အပိုင်း - ၁

9.3K 525 9
                                    

Unicode Version

အပိုင်း -၁ ဘယ်တွေသွားနေတာလဲ

မုရှောင်းရှောင် အထုပ်အပိုးတွေ တစ်ပုံကြီးကို ဆွဲပြီးတော့ တံခါးရှေ့မှာ ရပ်လိုက်တယ် တံခါးက အခုခေတ်သုံးနေကြ လက်ဗွေနှိပ်ရတဲ့တံခါးမျိုး သူမဒါကို မတွေးလိုက်မိဘူး သူမရောက်လာတာနဲ့ တံခါးက "ချောက်ခနဲ " ပွင့်လာမယ်လို့ပဲ ထင်ထားခဲ့တာ

ဘယ်သူက ဒီလိုဖြစ်လာမယ်လို့ ထင်ထားမှာလဲ တံခါးက ပွင့်မလာပဲ သူမကို ရပ်ခိုင်းထားမယ်လို့

"ဘာတွေ ဖြစ်နေတာလဲ " ဆိုပြီး တံခါးကို ကန်ထည့်လိုက်ပေမယ့် တံခါးကတော့ လှုပ်ရှားမှု တစ်ခုမှမရှိ

ဒီလိုမျိုးတုန့်ပြန်မှုက သူမကို အံ့ဩစေတယ်
ဒါကြောင့် မုရှောင်းရှောင် တံခါးဘဲလ်ကိုတီးပြီးတော့ တံခါးခေါက်လိုက်တယ် စိတ်ရှည်မှုတွေ ကုန်ဆုံးသွားတဲ့အခါမှာတော့
သူမ စူးရှစွာ အော်လိုက်တော့တယ်
'' ယင်းရှောင်ကျဲ တံခါးလာဖွင့်ပေး "
ဘယ်လိုပဲအော်ခေါ်ခေါ် အခန်းထဲမှာ တစ်ယောက်ယောက်ရှိနေရင်တောင် ဒီတိုက်ခန်းက အဆင်မြင့် တိုက်ခန်းတစ်ခုဖြစ်နေလို့
အသံလုံတဲ့နေရာမှာ ထိပ်တန်းဖြစ်နေတယ် သူမ‌ရဲ့ အသံကို အခန်းထဲကလူ ကြားဖို့လုံး၀မဖြစ်နိုင်ဘူး

မုရှောင်းရှောင် မျက်နှာကို မဲ့လိုက်ပြီးတော့ တိုးတိုးလေး ရေရွတ်လိုက်တယ်
''ဒီအကောင်တော့ အိမ်မှာ မရှိဘူးထင်တယ် "
အချိန်ကိုလဲကြည့်ပါဦး ည 11:00 ဖြစ်နေပြီ
ဒီလောက်နောက်ကျတာတောင် အိမ်မှာ ရှိမနေဘူးဆိုတော့
အပြင်မှာ ပျော်ပါးနေတာပဲ ဖြစ်ရမယ်

'' ဟူး စိတ်ပျက်စရာကောင်းလှတဲ့ ယင်းရှောင်ကျဲ "

မုရှောင်းရှောင် နှုတ်ခမ်းဆူလိုက်တယ် နောက်ဆုံးတော့ အခြားနည်းလမ်း ရှာမတွေ့တာနဲ့ မေမေယင်းကိုပဲ ဖုန်းဆက်ရတော့မယ်

မေမေ‌ယင်း အိပ်နေပြီမို့လားမသိ ဖုန်းဖြေဖို့ကို တောတော်ကြီးစောင့်လိုက်ရတယ်

ဖုန်းကိုင်လိုက်တဲ့အခါမှပဲ '' မေမေယင်း သမီးရဲ့လက်ဗွေကို တံခါးလော့မှာ မထည့်ထားမိဘူးထင်တယ် သမီး တံခါးဖွင့်လို့မရဘူးဖြစ်နေတယ် ယင်းရှောင်ကျဲလဲ အိမ်မှာ မရှိဘူး "

ချစ်ခြင်းဘီလီယံ  ( Billion of Pampering Only For You)Where stories live. Discover now