အပိုင်း - ၅၁

2K 200 1
                                    

Unicode

အပိုင်း - ၅၁ အတန်းပြေးရင် လုပ်ရမယ့် စည်းကမ်းချက်

      "အဟမ်း"

လုရိချန် ချောင်းဟန့်ပြီး မထိတ်လန့် မတုန်လှုပ်သွားဘဲ လူကြီးလူကောင်းပီပီ ခြေနောက်ပြန်ဆုတ်လိုက်သည် သို့သော် သူမျက်နှာက‌‌တော့ နဂိုအတိုင်း ရှိမနေဘဲ နီရဲလို့နေသည်

  "အဆင်ပြေရဲ့လား ထိခိုက်မိသေးလား?"

မုရှောင်းရှောင် ခေါင်းလေးကိုခါပြီး

  "အင်း အဆင်ပြေတယ် အခု ဘယ်သွားကြမလဲ?"

  "မင်းသွားချင်တဲ့နေရာရှိလား?"

  မုရှောင်းရှောင် လုရိချန်ကိုကြည့်လိုက်ပြီး ရုတ်တရက်ရယ်မောလိုက်သည်

  "အတန်း‌ပြေးရင်လုပ်သင့်တဲ့ စည်းကမ်းချက်တွေထဲကတစ်ခုက ရှင်ဟာကျောင်းအနားမှာနေလို့မရဘူး၊ မဟုတ်ရင် ဆရာတစ်ယောက်ယောက်နဲ့တွေ့တဲ့အခါ စိတ်ဆင်းရဲစရာ‌ တွေပဲ ဖြစ်လာလိမ့်မယ် "

လုရိချန် သူမရဲ့ချစ်စရာကောင်းတဲ့ အမူအရာကြောင့်  ပြုံးမိကာ

"မင်းကို ကြည့်ရတာကျွမ်းကျင်အဆင့်ပဲ ,  ဘတ်စကားမှတ်တိုင်ကို အရင်သွားကြစို့
သွားရင်းနဲ့ ဘယ်ကို သွားကြမလဲဆိုတာ ‌ဆွေးနွေးကြတာပေါ့ "

      "အင်း "  မုရှောင်းရှောင် တွေဝေခြင်းလုံး၀မရှိဘဲ ခေါင်းညိတ်ကာ
(လုရိချန်ပြောသမျှ အကုန်လုံးကို သဘောတူ ) စတင်ပြီးခြေလှမ်းလိုက်သည်

  "အဲဒီဘက် မဟုတ်ဘူး  "

   "အိုး!"

မုရှောင်းရှောင်   ရှက်ရှက်နဲ့ ပြန်လှည့်ကာ လုရိချန်နောက်က‌နေ လိုက်သွားသည်

ဘတ်စ်ကားမှတ်တိုင်က ကျောင်းနှင့် သိပ်မဝေးလှ လူအနည်းငယ်သာရှိသည်  မုရှောင်းရှောင် ထူးဆန်းစွာ မှတ်တိုင်က ရပ်ဆိုတဲ့ ဆိုင်းဘုတ်ကို မော့ကြည့်သည်။

" ဘယ်ကိုသွားရမလဲစဉ်းစားပြီးပြီလား ?"

လုရိချန် ထပ်မေးပြန်သည်  သူ့မှာတကယ်တော့ ဘယ်သွားရမလဲဆိုတာ အကြံဥာဏ်ရှိပုံရသည်၊ သို့သော်သူကမိန်းကလေးတစ်‌ယောက်ရဲ့ ထင်မြင်ချက်ကို ဦးစားပေးပြီး အရင်မေးခဲ့သည်။

ချစ်ခြင်းဘီလီယံ  ( Billion of Pampering Only For You)Where stories live. Discover now