အပိုင်း -၂၀

2.5K 254 0
                                    

Unicode Version

အပိုင်း -၂၀ အရှက်ကွဲခြင်း

မုရှောင်းရှောင်ရဲ့ မျက်နှာအမူအရာကအရမ်းကိုရယ်ချင်သလိုဖြစ်နေပြီးတော့  ရှေ့ကကောင်‌လေးရဲ့စကားကိုမယုံနိုင်သလိုဖြစ်နေတယ်

သူမရှေ့ကကောင်လေးကသူ့ခေါင်းကိုသူကုတ်လိုက်ပြီးတော့ရှက်ရှက်နဲ့

" တကယ်တော့ S အတန်းက စာအတော်ဆုံးလူတွေနဲ့အချမ်းသာဆုံးလူတွေကိုပဲထားထားတာ ကျန်တဲ့ပုံမှန်အတန်းတွေကိုတော့ A B C D ဆိုပြီးတော့ ခွဲထားတယ် ပြီးတော့  Fအတန်းလဲ ရှိတယ် အဲ့အတန်းကတော့ ကျောင်းမှာ အညံဆုံးအတန်းပဲ အဲအခန်းထဲမှာ အဆိုးဆုံးတွေချည်းပဲ စုနေတာ ‌မင်းယောင်လို့တောင် အဲအခန်းနားမသွားနဲ့နော် "

မု‌ရှောင်းရှောင် အမြန်ပဲ  အခြေအနေကိုသဘောပေါက်သွားသည်

သူမဟာ ဒီကျောင်းသားလေးဟာ သဘောကောင်းသားပဲဆိုပြီးတော့တွေးလိုက်မတယ် ဒါကြောင့်သူမရဲ့အပြုအမူကလဲ ဒီကောင်လေးအပေါ် ပိုပြီးတော့ ရင်းနီးသွားတယ်

"ဒါဆိုနင်ကအရမ်းချမ်းသာမှာပေါ့ နင့်ကိုကြည့်ရတာတော့စာတော်တဲ့ ကျောင်းသားပုံစံမပေါ်ဘူး "

ကောင်လေးက ခေါင်းလေးကုတ်လိုက်ပြီး  မျက်နှာချိုသွေးလိုက်ကာ

" ငါအင်္ဂလိပ်စာမှာပဲ ညံ့နေတာ စာပေမှာတော့ ငါကတော်ပါတယ်"

မုရှောင်းရှောင် မချိပြုံးပြုံးလိုက်ကာ

" စာပေမှာတော်တော့ကော ဘာလုပ်ရမှာလဲ ? ဂုဏ်ယူစရာမှမဟုတ်တာ "

ကောင်လေးကတော့

"မုရှောင်းရှောင် ငါသိသွားပြီ  မင်းက အရမ်း လျှာစောင်းထက်တာပဲမင်းရဲ့ ဖြူဖြုစင်စင် ချစ်စရာကောင်းတဲ့ ရုပ်လေးနဲ့ မလိုက်လိုက်တာ"

"လျှာစောင်းထက်တယ် ဟုတ်လား လျှာစောင်းထက်တယ် ဆိုတာ ဘယ်လိုဟာလဲ ဆိုတာ သိအောင်လုပ်ပေးရမလား"

မုရှောင်းရှောင် ဟာသအနေနဲ့ စနောက်လိုက်သည်

"ဟုတ်သား ဒါနဲ့ ငါ့နာမည်က ယုကျန် လို့ခေါ်တယ် တစ်ခုခုလိုအပ်တာရှိရင် ငါ့ကို ရှာလိုက် "

ချစ်ခြင်းဘီလီယံ  ( Billion of Pampering Only For You)Where stories live. Discover now