အပိုင်း - ၃၄

2.3K 210 3
                                    

Unicode

အပိုင်း-၃၄ အရှက်မဲ့ပြီး ငြင်းမနေနဲ့

"အင်း "

မုရှောင်းရှောင်းချိုမြိန်စွာ ပြုံးပြီး သူမပြောနေတာက ဘာမှအရေးပါတဲ့ ကိစ္စမဟုတ်သလိုပင် ဒီနေ့ ရာသီဥတု သာယာတယ်ဆိုပြီး ပြောနေတဲ့သဘောပင် သက်ရောက်နေသည်

ယင်းရှောင်ကျဲမှာဝောာ့ နှုတ်ခမ်းသာ ရွဲ့လိုက်မိသည် သူ့လို ချမ်းသာတဲ့ အိမ်က တစ်ဦးတည်းသော အမွေဆက်ခံသူက ဘယ်လိုအချိန်မှာပဲ ဖြစ်ဖြစ် နွေးထွေးပျော့ပြောင်းတဲ့
အိပ်ယာထက်မှာပဲ အိပ်နေကျပင် . ဘယ်လိုလုပ် ဆိုဖာပေါ်မှာအိပ်နိုင်မှာလဲ မုရှောင်း‌ရှောင်က တကယ်ပဲ သူ့ကို သေသေချာ‌ချာကြီး နှိပ်စက်ချင်နေတာလား?

မုရှောင်းရှောင် ယင်းရှောင်ကျဲ ပြန်ပြီးဝောာ့ အတွန့်တက်ပြီး ငြင်းမှာစိုးတာကြောင့် သူမရဲ့ လက်ညိုးကလေးကို ယင်းရှောင်ကျဲဘက်ကို ထိုးလိုက်ပြီး သူပြောထားတဲ့ စကားကို ထပ်ပြောလိုက်သည်

"နင် နင်အခုပဲ ပြောတာလေ ငါဘာပြောပြော နင်လုပ်ပေးမယ်ဆိုပြီးတော့ အရှက်မဲ့ပြီး ငြင်းမနေနဲ့ "

ယင်းရှောင်ကျဲ

"............."

ဒါမျိုးကို ကိုယ့်ခြေထောက်နဲ့ကိုယ် ထောင်ချောက်ထဲ၀င်သွားမိတယ်လို့ ခေါ်တာပင် ဒါ့အပြင် သူကိုယ်တိုင် လမ်းလျှောက်၀င်သွားခဲ့တာပင်

သူအရှက်မရှိ ဆက်ငြင်းနေချင်ပေမယ့်လဲ ယောက်ျားတစ်ယောက်ဖြစ်တဲ့အတွက် သူပြောထားပြီးသားစကားကို တည်ရပေမည် ဒါကြောင့် သူ ရှောင်းရှောင်ရဲ့ အလိုအတိုင်း လိုက်လျောပေးဖို့ ဆုံးဖြတ်လိုက်သည်

"ကောင်းပြီလေ ..ငါ ယင်းရှောင်ကျဲက ပြောပြီးသားစကားကို တည်တယ် "

ယင်းရှောင်ကျဲ သဘောထားကြီးကြီးနဲ့ လိုက်လျောပေးလိုက်သည် သို့ပေမယ့် သူခေါင်းထဲမှာတော့ အစီအစဉ်တစ်ခုကို ချနေမိသည် ဘယ်လိုလုပ်ရင် သူရဲ့ အခန်းကို ပြန်ပြီးသိမ်းပိုက်နိုင်မလဲဆိုတာကိုပေါ့

မုရှောင်းရှောင် ခေါင်းအုံးတစ်လုံးနဲ့ လိုတဲ့ပစ္စည်းတွေကို ယင်းရှောင်ကျဲကို ပစ်ပေးလိုက်ပြီး

ချစ်ခြင်းဘီလီယံ  ( Billion of Pampering Only For You)Onde as histórias ganham vida. Descobre agora