အပိုင်း - ၃၆

2.2K 192 2
                                    


Unicode


အပိုင်း -၃၆  ညသန်းခေါင်ကြီး ငါ့ကို  တစ်ခုခု လုပ်ဖို့ မကြံနဲ့နော်

မုရှောင်းရှောင် ခေါင်းကလေး ငြိမ့်လိုက်လာ

" သိတယ်လေ ဒါကြောင့်ပဲ အိမ်က  ငါတို့ လက်ထပ်ဖို့ စီစဉ်ပေးတာပေါ့ "

အဲအချိန်မှာ ရှောင်းရှောင် ယင်းရှောင်ကျဲရဲ့ လက်မောင်းထဲမှာ ရှိနေတုန်းဖြစ်ပြီး သူလက်တွေက သူမရဲ့ လက်ကောက်၀တ်ကို ကိုင်ထားဆဲဖြစ်ကာ သူမတို့အနေအထားက ချစ်သူတွေလို ပုံစံမျိုးဖြစ်နေသည်

သူမ ချက်ချင်းပဲ ရုန်းပြီး ယင်းရှောင်ကျဲရဲ့ ရင်ဘတ်ကို တွန်းလိုက်ကာ ထရပ်ဖို့ ပြင်လိုက်သည်

" လွှတ်ပေးတော့ မြန်မြန်လေး ငါ အမြန် သွားအိပ်ချင်နေပြီ "

ယင်းရှောင်ကျဲ သနားစရာ မျက်နှာလေးနဲ့ ရှောင်းရှောင်ကို ကြည့်လိုက်ကာ အသံချိုလေးနဲ့

"ရှောင်းရှောင် , မင်း အရင်က အကြောင်းတွေကို မှတ်မိသေးတယ်လား ? ဒါဆို ငါတို့ ငယ်ငယ်တုန်းက အတူတူ အိပ်ခဲ့ဖူးတာကိုလဲ မှတ်မိဦးမှာပေါ့ ဟုတ်တယ်မှတ်လား?"

"မှတ်မိတယ်လေ မှတ်မိတော့ရော ? "

သူမ  ယင်းရှောင်ကျဲဆီက‌နေ ငယ်ငယ်တုန်းက ဆိုတဲ့ စကားကြားလိုက်ကတည်းက နည်းနည်းတော့ စိတ်ထင့်သွားသည်

ယင်းရှောင်ကျဲ ဆိုဖာကို ညွှန်ပြလိုက်ကာ

"ဆိုဖာက ထိုင်တဲ့ အခါ သက်တောင့် သက်သာ ဖြစ်တယ်ဆိုပေမယ့်လဲ အိပ်တဲ့အခါမှာတော့ သက်တောင့်သက်သာ မရှိဘူးလေ ဟုတ်တယ်မလား? ငါ့ကို အိပ်မပျော်တဲ့ ရောဂါဖြစ်မှာ ကို ကြည့်ရက်တယ်ဆိုရင်ဝောာ့ မနက်ဖြန် မင်းလဲ ကျောင်းသွားဖို့ အဆင်ပြေမှာ မဟုတ်တော့ဘူးနော် "

မုရှောင်းရှောင် ယင်းရှောင်ကျဲကို စိုက်ကြည့်မိပြီး ဒီကောင်ကတော့ သူ့ရဲ့ လက်ထဲမှာ ရှိနေတဲ့ ကတ်တွေကို ဘယ်လို ကစားရမလဲ ဆိုတာ ကောင်းကောင်းကြီးကို သိနေတာပဲ

ဘယ်လိုပဲ ကြည့်ကြည့် ဆိုဖာက ယင်းရှောင်ကျဲပြောသလိုပင် ထိုင်ရင်ဝောာ့ အဆင်ပြေသည် အိပ်ရင်တော့ သက်တောင့်သက်သာ မဖြစ်ပေ ထိုင်တာ ကြာရင်တောင် အညောင်းမိတာပင်  လှဲတာကြာရင် အညောင်းမိတာထပ်ပိုဆိုးလိမ့်မည်

ချစ်ခြင်းဘီလီယံ  ( Billion of Pampering Only For You)Where stories live. Discover now