အပိုင်း - ၇၇

2.2K 252 4
                                    

Unicode

အပိုင်း - ၇၇ သူမရဲ့လုံခြုံမှု

"ယင်း - ရှောင် - ကျဲ -!" 

မု‌ရှောင်းရှောင် အရှိန်မြန်လွန်းတာကြောင့် ထိတ်လန့်ကာ ယင်းရှောင်ကျဲကို အော်လိုက်ပေမယ့် ကားရဲ့အရှိန်ကအရမ်းမြန်လွန်းတဲ့ အတွက် သူမရဲ့စကားတွေက လေထဲမှာ
တင် ပျောက်ကွယ်သွားသည်

"အော်တာကိုရပ်လိုက် စနစ်တကျထိုင်ပြီး မြဲမြဲကိုင်ထား
သိပ်မကြာခင် ပြီးသွားလိမ့်မည် စိတ်လျော့ထား "

ပုံမှန်အားဖြင့် ပြိုင်ပွဲပြိုင်နေစဉ်  ယင်းရှောင်ကျဲရဲ့ ဆံပင်တစ်ချောင်းတောင် ပုံစံမပျက်ခဲ့ချေ  သို့သော်  ဒီနေ့ကတော့ ကွဲပြားခြားနားခဲ့သည် ယင်းရှောင်ကျဲ ကားမောင်းတာကို အာရုံစိုက်ရတဲ့အပြင် အခါအားလျော်စွာ မုရှောင်းရှောင်းရဲ့ အခြေအနေကိုပါ စစ်ဆေး‌ နေရတာကြောင့် သူရဲ့နဖူးမှာအေးစက်တဲ့ ချွေး‌စေးများပင် စိုစွတ်လာရသည်

လူစုလူဝေးများကြားတွင် ဟန်ယွမ်အာ မုရှောင်းရှောင်အော်ဟစ်သံကို ကြားပြီး ကျေနပ်အားရသည့်ရယ်မောသံများထွက်ပေါ်လာသည်

ဟန်ယွမ်အာ  ယုတ်မာပြီး ရက်စက်တဲ့ အပြုံးကို ပြုံးလိုက်ကာ နင် ဘယ်လိုသေလဲကြည့်ရတာ‌ပေါ့ ကျွတ် ကျွတ် !

...
ပြေးလမ်းမှာ တော့ နီလာပြာရောင် ပြိုင်ကားလေးဟာ လှလှပပ မောင်းနှင် နေပြီး ထိပ်ဆုံးကနေ ဦးဆောင် နေသည်

ကားထဲတွင် မုရှောင်းရှောင်ရဲ့ မျက်နှာသည် တဖြည်းဖြည်းဖြူဖျော့လာပြီး သူမရဲ့ ချွေးတွေက မျက်နှာက‌ နေ ခြေထောက်အထိ တဒီးဒီးကျကာ ရွှဲနစ်နေသည်  သူမပုံစံက ဖျားနာနေတဲ့ ပုံစံပင် ပေါက်နေသည်

ယင်းရှောင်ကျဲ သူမရဲ့ အဆင်မပြေတာကို သတိပြုမိ တာ‌ကြောင့်  စိုးရိမ်ပူပန်ကာ

" ရှောင်းရှောင် ၊ မင်း အဆင်ကောပြေရဲ့လား ? "

အစပိုင်းတွင် မုရှောင်းရှောင်သည် ညည်းတွားနေခဲ့သော်လည်း ယခု သူမသည် တိတ်ဆိတ်နေကာ
ကိုယ်ဟန်အနေအထားက အေးစက်လို့နေသည်

မုရှောင်းရှောင် ယင်းရှောင်ကျဲကို အဖြေပြန်မပေးနိုင်ခဲ့

ချစ်ခြင်းဘီလီယံ  ( Billion of Pampering Only For You)Where stories live. Discover now