အပိုင်း - ၄၃

2.1K 205 0
                                    

Unicode

အပိုင်း - ၄၃ သူ့ဘ၀အကြောင်း

"လု  ...... "

“ စိတ်မကောင်းပါဘူး၊ လူတွေကိုအနိုင်ကျင့်ဖို့ ပိုက်ဆံနဲ့ အာဏာကိုအသုံးချနေတဲ့လူတွေနဲ့ ငါ မိတ်ဆွေမဖြစ်ချင်ဘူး ”

  လုရိချန် ဒီစကားကို ပြောပြီးတာနဲ့ မုရှောင်းရှောင် ဘယ်လို ပုံစံနဲ့ ကျန်နေခဲ့လဲ ဆိုတာကိုတောင် မကြည့်တော့ဘဲ ချက်ချင်းထွက်သွားတော့သည်

မုရှောင်းရှောင် သူမရဲ့ နှုတ်‌က ဆွံ့အနေကာ ဘာမှ ပြန်ပြောခွင့်တောင် မရလိုက်ဘဲ မကျေနပ်မှုများစွာနဲ့ ပြောပြီး လှည့်ထွက်သွားတဲ့ လုရိချန်ရဲ့ ကျောပြင်ကိုသာ ငေးကြည့်နေမိ တော့သည်

သူတို့မနက်စာစားနေစဉ်တုန်းကတောင် အဆင်‌ပြေနေသေးပါသည်၊ ဘာကြောင့်များ ရုတ်တရက်ကြီး ဒီလို ဖြစ်လာရတာတုန်း ?

နားမလည်တာက သူမကို မကောင်းတဲ့လူတစ်ယောက်လို့ သတ်မှတ်လိုက်တာပင် ၀မ်းလဲနည်းသည်

သူမ S အတန်းသို့ရောက်သောအခါ စားပွဲပေါ်မှာ စိတ်ညစ်ညစ်နဲဲ့ မှောက်အိပ်နေမိသည်။

ယုကျန်ကတော့ သူမရှေ့ကိုလှည့်ပြီးကြည့်လိုက်ကာ ရိုးရိုးသားသား စိုးရိမ်ပူပန်ပြီး မေးလေသည်

  "ရှောင်းရှောင်  မင်းဘာဖြစ်နေတာလဲ ? စိတ်ဆိုးနေတာလား?"

မုရှောင်းရှောင် ခေါင်းတဆတ်ဆတ် ငြိမ့်ကာ ခေါင်းဆက်ငုံ့‌ နေလိုက်သည်။

ပြီးမှ သူမမျက်လုံးကို ပင့်လိုက်ပြီး ယုကျန်ကိုကြည့်လိုက်ကာ

"ယုကျန် လုရိချန်က ငါ့ကို ဘာလို့အရမ်းဒေါသထွက်သွားရတာလဲ?  ငါ့ကို ဒေါသထွက်သွားတာလား?"

"အာ ........ "

ယုကျန်ကို သူမရဲ့ရှုပ်ထွေးတဲ့မေးခွန်းကို မေးလိုက်သည်

ထို့ကြောင့် ဖြစ်စဉ်တစ်ခုလုံးကိုလဲ မုရှောင်းရှောင် ယုကျန်ကို ပြောပြလိုက်မိသည်။

ယုကျန် နားထောင်ပြီးသွားတဲ့နောက်မှာ နားလည်သဘောပေါက်သွားဟန်ဖြင့် ခေါင်းငြိမ့်သည်

ချစ်ခြင်းဘီလီယံ  ( Billion of Pampering Only For You)Where stories live. Discover now