အပိုင်း - ၉

3.5K 361 2
                                    


Unicode Version

အပိုင်း - ၉။ သန်းချီနေတဲ့ ပန်းတွေပေး

ယင်းရှောင်ကျဲဟာ မုရှောင်းရှောင်းကို ကြည့်နေတဲ့ သူရဲ့ မျက်လုံးကိုပြန်လည်ရုပ်သိမ်းလိုက်ပြီး ကားဆရာကို

"ဘယ်လောက်လဲ"

ကားဆရာက သူငွေမရနိုင်ဘူးလို့ထင်နေခဲ့ရာက ယင်းရှောင်ကျဲရဲ့ ပြောသံကို ကြားလိုက်ရတော့ ဝမ်းသာစွာနဲ့

"၄၈၀ ယွမ် "

"ဘာ ၄၈ မဟုတ်ဘူးလား ရှင် " မုရှောင်းရှောင်က ကားဆရာကိုဒေါသထွက်လာကာ  ကျိန်ဆဲဖို့ပြင်လိုက်သော်လည်း ယင်းရှောင်ကျဲရဲ့ တားဆီးခြင်းကို ခံလိုက်ရသည်

"၄၈၀ အင်း ခင်များသေသင့်နေပြီပဲ " 

ယင်းရှောင်ကျဲ ရက်ရောတဲ့ အပြုံးလေးကို ဖန်တီးလိုက်ပြီးနောက်တစ်စက္ကန့် အကြာမှာပဲ သူ့ရဲ့ ရှည်လျားတဲ့ခြေထောက်တွေကို ဆန့်ထုတ်လိုက်ကာ  ကားဆရာကို ရုတ်တရက် ကန်လိုက်သည်

ကားဆရာကတော့ မြေပေါ်မှာ နာကျင်စွာ မြည်တမ်းရင်းအော်ဟစ်လိုက်တယ် ပြီးတာနဲ့ လူးလိမ့်နေကာ

“ လူကို အကြောင်းမရှိဘဲ ရိုက်နှက်‌ နေပါတယ် ကူညီကြပါ"
ဟုသာ တွင်တွင်အော်နေတော့သည်

ယင်းရှောင်ကျဲဟာ ကားဆရာနဲ့ ဆက်ပြီး ကစားပေးဖို့အချိန်မရှိပေ

"လူကိုရိုက်နှက်နေပါတယ် ဟုတ်လား ခင်များရဲ့အကွက်က မရိုးလွန်းဘူးလား ဘယ်လိုလဲ  လူတွေကို သတ်တိုင်းကော  ကစားချင်သေးလား ? "

ယင်းရှောင်းကျဲ ကားဆရာကို အေးစက်နေတဲ့ အသံနဲ့ပြောလိုက်ကာ  မုရှောင်းရှောင်းကို ကြည့်လိုက်သည်
သူကဒီဟာကို ပျော်စရာဂိမ်းတစ်ခုလိုပဲ သဘောထားကာ ပြုံးလိုက်သည်။

မုရှောင်းရှောင်က ယင်းရှောင်ကျဲကိုကြည့်ရင်း
ကားဆရာကို တမင်တကာ ကြောက်လန့်အောင် ‌တမင် ခြောက်နေတာမှန်းပေမယ့် သူမကပူးပေါင်းဖို့ရာအတွက် တော်တော်လေးကို အိပ်ငိုက်နေတာကြောင့် စိတ်မပါပေ

“ မြန်မြန်လုပ် ၊ ငါအိမ်ပြန်အိပ်ချင်‌နေတယ်”

ဟုသာ သူမက‌ ပြောလိုက်သည်

ချစ်ခြင်းဘီလီယံ  ( Billion of Pampering Only For You)Where stories live. Discover now