အပိုင်း -၄၇

2K 195 7
                                    

Unicode
အပိုင်း - ၄၇ သူတောင် သူမကို အထင်လွဲတယ်

" နင်ဘယ်လိုလုပ်‌ ရောက်လာတာလဲ? "

  မုရှောင်းရှောင် ရုတ်တရက်ကြီး ထွက်ပေါ်လာတဲ့
ယင်းရှောင်ကျဲကြောင့် လန့်သွားရကာ ပြူးပြီးတော့ ကြည့်မိသည်

ယင်းရှောင်ကျဲ ရှောင်းရှောင်ဆီကို လျှောက်လာပြီး

“ ရှောင်းရှောင် အခုနက မင်းပြောခဲ့တာကို ငါသဘောမတူဘူး”

ဟုထပ်မံအတည်ပြုပြောကြားခဲ့သည်။

ထို့နောက်မှာ တော့ ယင်းရှောင်ကျဲ သူဦး‌ခေါင်းကို ကျောင်းအုပ်ကြီးဘက်လှည့်ကာ

"ကျောင်းအုပ်ကြီး၊ ကျွန်တော် အလုပ်ထုတ်ပစ်လိုက်တဲ့သူကို နောက်တစ်ကြိမ်ပြန်ပြီး အလုပ်မခန့်နိုင်ဘူး ဒီစကား ခင်ဗျား ရှင်းရှင်းလင်းလင်း ကြားပါတယ်‌နော်? "

ယင်းရှောင်ကျဲ ရုတ်တရက်ပေါ်လာသည်ကိုမြင်တာနဲ့ ထိုင်နေတဲ့ ကျောင်းအုပ်ကြီး ချက်ချင်းပင် သတိအနေအထားနဲ့
ထရပ်လိုက်မိသည်။

သူ့ရဲ့ နဖူးပေါ်က ချွေး‌အေး တွေကိုသုတ်လိုက်ပြီးကျောင်းအုပ်ကြီး  ခေါင်းညိတ်လိုက်သည်

" သခင်လေးကျဲ   ဖြစ်ချင်စေတဲ့အတိုင်း ဖြစ်အောင်သေချာပေါက်လုပ် ပေးမှာပါ"

"ယင်းရှောင်ကျဲ !"

မုရှောင်းရှောင် အရမ်းဒေါသထွက်လာတဲ့အတွက်မျက်နှာလေးကပါ နီရဲလာကာ   ယင်းရှောင်ကျဲနာမည်အပြည့်အစုံကို ခေါ်ပြီးတော့ အော်ပစ်လိုက်သည်

"ဘာလို့ ဒီလိုမျိုး လုပ်နိုင်ရတာလဲ?  အဲဒီအစောင့်ကနင့်ကိုတစ်ခုခုများ အမှားလုပ်မိလို့ ဒီလို ရန်ငြိုးထားရတာလား?  သူတစ်ပါးရဲ့အလုပ်ကို ဘာကြောင့် ဖျက်စီးပစ်ချင်ရတာလဲ ? နင်အမြဲ ဒီတိုင်းပဲ နင့်ကို အရမ်းမုန်းတယ်  သိလား? "

ယင်းရှောင်ကျဲ သူမဆီကို ချဉ်းကပ်လာပြီး ဒေါသတကြီးစွာဖြင့်ပြောလိုက်သည်

"မင်းကမှ ငါ့ကိုဒေါသထွက်အောင် လုပ်နေတာမဟုတ်ဘူးလား? ကောင်းလိုက်တာ ငါအလုပ်ထုတ်ပစ်လိုက်တဲ့ အစောင့်ကိုမှ မင်းက ပြန်ငှားပြီး အလုပ်ပြန်ခန့်ချင်တယ်ပေါ့ မင်းဒီလိုလုပ်တာက မင်းငါ့မျက်နှာကို  ဖြတ်ရိုက်လိုက်တာ  မဟုတ်ဘူးလား?"

ချစ်ခြင်းဘီလီယံ  ( Billion of Pampering Only For You)Where stories live. Discover now