အပိုင်း - ၅၈

2.2K 211 6
                                    

Unicode


အပိုင်း - ၅၈ မင်းက သူပထမဆုံး ဒီကို ခေါ်လာတဲ့ မိန်းကလေး

လုရိချန် အသာခေါင်းညိတ်လိုက်ပြီး

“ အိုကေ‌လေ မင်းကစားတတ်တယ်‌လား??”

အံ့သြစရာတော့မရှိပေမယ့် ဘိုးလင်းကစားသူ အများစုမှာယောက်ျားလေးများဖြစ်သည် မိန်းကလေးများကိုတွေ့ရခဲပြီး သေချာကစားနိုင်သူမှာမူနည်းသည်

မုရှောင်းရှောင် နှုတ်ခမ်းလေးထော်ပြီး ဂုဏ်ယူစွာဖြင့်ပြောလိုက်သည်

" သေချာပေါက် စကားတတ်တာပေါ့ ကျွန်မက ဘိုးလင်းဘုရင်မပါ"

အဓိကက ဘာကြောင့်လဲဆိုတော့ ဘိုးလင်းသည် အမေရိကန်ပြည်ထောင်စုတွင်လူကြိုက်များသောကြောင့်ဖြစ်သည်။သူမက အလယ်တန်းကျောင်းကို ထို‌‌နေရာတွင် ပညာသင်ကြားခဲ့သည်  US မှာ သုံးလေးနှစ်နေခဲ့ပြီး ပုံမှန်အားဖြင့်သူမရဲ့အတန်းဖော်များနှင့် အတူ ဘိုးလင်းခန်းမသို့ အကြိမ်ပေါင်းများစွာသွားဖူးသည် ထို့အပြင်  သူမ အခြားလူကို မရှုံးချင်ပေ ဒါကြောင့် သူမဒီကစားနည်းကို သေချာလေးသင်ယူခဲ့သည်

လုရိချန် မုရှောင်းရှောင် ကြွားလုံးထုတ်နေတဲ့ ချစ်စရာပုံပန်းသဏ္ဌာန်‌‌လေးကြောင့် ပြုံးလိုက်မိပြန်သည်

သူ တကယ်ကိုပဲ ဒီကနေ့မှာ အကြိမ်ပေါင်းများစွာရယ်မိတာပဲ

လုရိချန် မုရှောင်းရှောင်းကို နေရာကောင်းတစ်ခုရွေးချယ်ခေါ်သွားပြီး

“ မင်းဘာသောက်ချင်လဲ။ ဒီမှာစားစရာတွေလည်းရှိတယ်”

ဟုပြောခဲ့သည်။

မုရှောင်းရှောင် အနီးအနားရှိကုလားထိုင်တွင်ထိုင်လိုက်ပြီး   သူမအိတ်ကပ်ထဲမှ ဖုန်းကို စမ်းမိသွားသည်

ယင်းရှောင်ကျဲကို ရုတ်တရက်စဉ်းစားမိပြီး ဖုန်းကိုကောက်ကိုင်လိုက်သည်။

ထိုလူဆိုးကောင် သူမကို ရှာနေမလား မသိ အကယ်၍ သူ သူမကိုအတန်းထဲတွင်မတွေ့ပါက သူမကို ဖုန်းဆက်မှာပင်

သူမ ဖုန်းကို ဖွင့်ဖို့ ခလုတ်ကိုနှိပ်လိုက်သော်လည်း ဖုန်းမျက်နှာပြင် လင်းမလာ‌ချေ သူမအံ့သြသွားပြီးနောက်တစ်ခါခလုတ်ကို ထပ်နှိပ်လိုက်သည် မနက်က အိပ်ယာထတုန်းကတောင် ဖုန်းပွင့်ပါသေးတယ်

ချစ်ခြင်းဘီလီယံ  ( Billion of Pampering Only For You)Where stories live. Discover now