အပိုင်း - ၉၅

2.1K 229 0
                                    


Unicode

အပိုင်း - ၉၅ စတော်ဘယ်ရီ အတွင်းခံဘောင်းဘီတိုလေးများ

မုရှောင်းရှောင် ဒီ App ကို သုံးပြီး ပြည်ပမှာပဲ ရှိတဲ့ နာမည်အကြီးဆုံး အမှတ်တံဆိပ်များအထိမှာကြားနိုင်သည် ။  သူတို့က ဒီဖောက်သည်ဆီတွေကို ပစ္စည်းတွေကိုပို့ဖို့ ကိုယ်ပိုင်လေယာဉ်တွေကိုသုံးလိမ့်မည် ဒီ ၀န်ဆောင်မှုက လုံးဝထိပ်တန်းအဆင့် ၀ယ်ယူသူတွေအတွက် သီးသန့်ပင်ဖြစ်သည်။

ပြောရမယ်ဆို ပိုက်ဆံ ချမ်းသာတာက တကယ်ကိုပဲ
ကောင်းတယ်

မုရှောင်းရှောင် နေ့လည်ခင်းတစ်ခုလုံး အဝတ်အစားများကိုရွေးချယ် နေလိုက်သည်။  မိန်းကလေးများသည် ဒီလို ၀ယ်ရတာကို အလွန်နှစ်သက်ပြီး အချိန်မည်မျှပင်ကုန်စေကာမူ၎င်းကို ဘယ်သောအခါမှ မငြီးငွေ့ချေ

လွန်ခဲ့သောနှစ်အနည်းငယ်ကစပြီး သူမသည် မိန်းမပျိုတစ်ယောက်အဖြစ်ကြီးပြင်းလာခဲ့သည်။  သူမအမေရိကန်က သွားခဲ့ကတည်းက သူမ ၀တ်ခဲ့သောအ၀တ်အများစုမှာ
အမေရိကန် လူငယ်အမျိုးသမီးဝတ် အမှတ်တံဆိပ်များဖြစ်သည်။  ကံကောင်းထောက်မစွာနဲ့ အဲဒီ အမှတ်တံဆိပ်များကို တရုတ်တွင်လည်းရနိုင်သည်။

သူမ မျက်စိနဲ့တွေ့သမျှ ကြိုက်နှစ်သက်သမျှ အရာ အားလုံးကို ၀ယ်ခဲ့ပြီး သူမ၀ယ်ခဲ့သမျှကလဲ သူမနဲ့ နဲနဲလေးတောင် မလိုက်ဖက်တာ မရှိပေ

အော်ဒါတင်ပြီး နာရီဝက်အကြာမှာ‌တော့ ဆိုင်ကအဝတ်
တွေနဲ့ သူမလိုအပ်တာကို အကူအညီပေးဖို့ပုဂ္ဂိုလ်တစ် ဦး ကိုစေလွှတ်ခဲ့တယ်။

အချိန်က  မသိမသာနဲ့ပဲ နေမွန်းတည့်အချိန် ရောက်သွားခဲ့သည်

မုရှောင်းရှောင် အကူအညီပေးမယ့် လူကို ပြန်လွှတ်လိုပ်ပြီးဘ သူမနှစ်သက်သောစကတ်တစ်ထည်က‌ နေစပြီးတော့ တစ်ထည်ပြီး တစ်ထည်စမ်း၀တ်ကြည့် နေလိုက်သည်။  ထို့နောက် သူမ၏ဗိုက်က ဂွီခနဲ ဟိန်းလာတာကြောင့် သူမဗိုက်ကို ကိုင်ပြီးအပြင်ကိုထွက်လာခဲ့သည်။  သူမသည်အစားအစာများမှာရန်စဉ်းစားနေစဉ် သူမကအစားအစာအနံ့ကို အနံ့ခံမိခဲ့သည်။

ချစ်ခြင်းဘီလီယံ  ( Billion of Pampering Only For You)Where stories live. Discover now