အပိုင်း - ၈

3.6K 371 3
                                    

Unicode Version


အပိုင်း - ၈  နင့်အမေရဲ့ စီမံမှု

မုရှောင်းရှောင်းနဲ့ ယင်းရှောင်ကျဲတို့ဟာ
အတူတကွကြီးပြင်းလာကြပြီး အခြေခံအားဖြင့် ယင်းရှောင်းကျဲရဲ့အိမ်သည် မုရှောင်ရှောင်ရဲ့ ဒုတိယအိမ်လဲ ဖြစ်သည် ဘယ်အချိန်ဘဲ ၀င်၀င် တံခါးမရှိ ဓားမရှိ ၀င်ထွက်သွားလာနိုင်သည်

ဘယ်အချိန်ကများ အိမ်တံခါးဖွင့်ဖို့ သော့လိုတယ်ဆိုပြီး  တံခါးဖွင့်ဖို့သူ့ကိုရှာနေရတာလဲ

တစ်ခုခုမှားနေတယ်

ယင်းရှောင်ကျဲ ကသူ့မျက်စိကျဉ်းလိုက်ပြီး
"ဘယ်အိမ်လဲ  မင်းဆိုလိုတာက အခု ငါနေ‌နေတဲ့တိုက်ခန်းတော့မဟုတ်ဘူးမလား?

မုရှောင်းရှောင်းကခေါင်းညိတ်လိုက်ကာ

“ ဟုတ်တယ်၊  ဒါကြောင့်မို့ ငါနင့်ကိုရှာနေတာပေါ့  ငတုံးရဲ့ "

မုရှောင်းရှောင် ယင်းရှောင်ကျဲရဲ့ အံံဩနေတဲ့မျက်နှာကိုကြည့်လိုက်ပြီး  ဘာလို့များ အဓိပ္ပာယ် မရှိတဲ့‌မေးခွန်းကို မေးရတာလဲဆိုတဲ့ သဘောနဲ့ကြည့်လိုက်သည် ယင်းအိမ်တော်ကို သွားမှတော့ ဘာလို့ သူ့ကိုရှာရမှာလဲ

ယင်းရှောင်ကျဲရဲ့ လှုပ်ရှားမှုတွေ  ခဏတာ ရပ်တန့်သွားပြီး ဖြောင့်တန်းနေတဲ့ မျက်ခုံးတွေကို တွန့်ချိုးလိုက်ကာ

"မင်းဘာကြောင့်များ ငါနေတဲ့ တိုက်ခန်းကိုလာတာလဲ? အချိန်ကအရမ်းနောက်ကျ‌နေပြီကို ပြီးတော့ မင်းတည်းစရာမရှိဘူးဆိုရင်တောင် နေစရာနေရာရှာဖို့ ငါ့အမေကို ပြောလိုက်ရင်ရတာကို ဘာလို့များငါ့ကို လာရှာနေရတာလဲ ?"

ယင်းရှောင်ကျဲ ဟာတစ်ခုခုကိုမှားနေမှန်းသတိထားမိပေမယ့်သူဟာဒီခံစားချက်မှန်ကြောင်းအတည်မပြုချင်ပါ သူစိတ်ထင်နေတာပဲ ဖြစ်ပါလိမ့်မယ်

မုရှောင်းရှောင်ကယင်းရှောင်ကျဲကိုကြည့်လိုက်ပြီးသူမရဲ့နှုတ်ခမ်းကိုက်လိုက်ကာ မချိပြုံး ပြုံးပြီး
ဖြည်းဖြည်းမှန်မှန်‌ လေးပြောလိုက်သည်

" ကြည့်ရတာ နင်လဲပဲ မေမေယင်းရဲ့ စီစဉ်ထားမှုကို မသိဘူးထင်တယ်  ငါလည်း နစ်နာသူတစ်ယောက်ပါ နင့်ရဲ့ခံစားချက်ကိုနားလည်ပါတယ် "

ချစ်ခြင်းဘီလီယံ  ( Billion of Pampering Only For You)Where stories live. Discover now