အပိုင်း -၂၁

2.4K 258 0
                                    

Unicode Version

အပိုင်း -၂၁ ယင်းရှောင်ကျဲ မင်းရဲ့ဇနီးမင်းကိုလာရှာတယ်

အတန်းပြီးတဲ့နောက်မှာမူ မုရှောင်းရှောင်ဟာအရမ်းကို ပျင်းစရာကောင်းတယ်လို့ခံစားလိုက်ရတယ် ဒါ့ကြောင့် ယင်းရှောင်ကျဲ ဒီကျောင်းမှာ ဘာတွေများလုပ်ပြီး ဖြတ်သန်းနေလဲသိချင်လာတာကြောင့် သူမဒုတိယနှစ်စာသင်ခန်းအဆောက်အဦးကို ဦးတည်ကာ သွားလိုက်သည် ဒုတိယနှစ်အဆောင်ကို ရောက်တာနဲ့ အများကြီး မတွေးနေဘဲ S အတန်းသို့တိုက်ရိုက်သွားလိုက်သည်

ယုကျန်ဆီကရထားတဲ့ သတင်းအချက်အလက်ကြောင့်
Sအတန်းက တကယ့်ကို ဒီကျောင်းမှာရှိနေတဲ့ အာဏာအရှိဆုံးအတန်း ဆိုတာ သိထားသည်

ယင်းရှောင်ကျဲရဲ့ အဆင့်ကို သေချာမသိသော်လည်း
သူ့ကိုကြည့်ရတာ  ပျော်ပါးလျှောက်သွားနေပြီး
မိန်းကလေးတွေ တရုံးရုံးနှင့်မို့ သူ၏အဆင့်များမှာကောင်းမည်မဟုတ်ပေ သို့သော် ယင်းရှောင်ကျဲရဲ့ အိမ်က အလွန်ချမ်းသာကြွယ်ဝပြီး အာဏာလဲ ရှိတာကြောင့် ကျိန်းသေ S ကိုအတန်းမှာပင် ရှိနေပေလိမ့်မည်

ထို့အပြင် ယင်းရှောင်ကျဲက အလွန်မာနကြီးပြီး သည်းမခံတတ်တာကြောင့် အကောင်းဆုံးအတန်းထဲမှာ မတတ်ဘဲနေမှာမဟုတ်ပေ

မုရှောင်းရှောင် အလျင်အမြန်ပဲ S အတန်းတွေ့ရှိခဲ့ပြီး
စာသင်ခန်းတံခါးက‌နေတဆင့် အခန်းထဲကို ဝေ့ကြည့်လိုက်တော့ ယင်းရှောင်ကျဲကို တန်းတွေ့လိုက်ရသည်

တကယ်တော့ ယင်းရှောင်ကျဲက မိန်းကလေးတစ်ယောက်ကို ပွေ့ဖက်ပြီး တိုးတိုး တိုးတိုးနဲ့ ချိုမြိန်တဲ့စကား‌‌ လေးတွေပြောနေပုံပင်

ယင်းရှောင်ကျဲဟာ အခုဆို သူမနဲ့ စေ့စပ်ထားတာဖြစ်ပေမယ့်  ရှာလကာရည်သောက်စရာတော့ မလိုအပ်ပေ (TN: မနာလိုဖြစ်စရာ)

ဟင့် မုရှောင်းရှောင် သူမစိတ်အတွင်းမှာ‌တော့ မိမိကိုယ်ကိုအပြစ်တင်နေမိသည် ယင်းရှောင်ကျဲကို ကြိုက်နေလို့ မနာလိုဖြစ်နေတာမဟုတ်ဘဲ သူမရဲ့ သတို့သားလောင်းဖြစ်နေပြီး ဒီလိုတွေလုပ်လို့ဟု ယူဆပစ်လိုက်သည်

ချစ်ခြင်းဘီလီယံ  ( Billion of Pampering Only For You)Where stories live. Discover now