အပိုင်း - ၄၀

2.1K 211 0
                                    

Unicode

အပိုင်း-၄၀ ကျေးဇူးပဲ ယောက်ျား

ယင်းရှောင်ကျဲ ထင်လိုက်တာက  သူမတစ်ခုခုကို
တိုးတိုးလေးပြောချင်လို့ သူ့နားကပ်လာတာလို့ပဲ ထင်လိုက်မိသည် ဒါ့ကြောင့် သူ ဘာမှ သံသယမ၀င်ဘဲ သူမရဲ့ အနားကို ကပ်တိုးသွားလိုက်မိသည်

သူကပ်တိုးသွားလိုက်တော့ ရှောင်းရှောင်က  မထင်မှတ်ဘဲ  ရုတ်တရက် သူ့ပါးကို ရွှတ်ခနဲ နမ်းကာ အပြုံးလေးနဲ့

"ကျေးဇူးပဲ ယောက်ျား "

နမ်းပြီးတာနဲ့ လှစ်ခနဲ နေအောင် ကားပေါ်က ဆင်းပြေးတော့သည်

ယင်းရှောင်ကျဲ ကြောင်သွားကာ အတော်‌လေးကြာအောင်
သတိလွတ်သွားလေ ပြီးမှ ပြုံးမိကာ ဒီကောင်မလေးကတော့လေ   တကယ်...........

မုရှောင်းရှောင် ကားမှန်ဘက်ကို လှည့်ပြီး လက်‌ကလေး ဝှေ့ပြလိုက်ကာ  ကိတ်မုန့်ဆိုင်လေးထဲကို တန်းတန်းပဲ ၀င်သွားလိုက်သည်

ယင်းရှောင်ကျဲ သူမရဲ့ ပုံရိပ်လေးပျောက်သွားမှ ကားစက်နှိုးလိုက်ကာ မောင်းထွက်ဖို့ပြင်လိုက်သည် ဒါပေမယ့် ချက်ချင်း ပြန်ရပ်လိုက်ကာ ကားစတီယာတိုင်ကို လက်တစ်ဖက်နဲ့ ကိုင်ထားပြီး ရှောင်းရှောင် တစ်ခုခု မူမမှန်ဖြစ်နေမှန်း သတိထားမိသွားသည်

အဲဒီအချိန် ကိတ်မုန့်ဆိုင် အတွင်းမှာတော့

မုရှောင်းရှောင် ရွှင်မြူးစွာပြုံးနေကာ လုရိချန် နောက်ကို လျှောက်သွားလိုက်ပြီး သူ့ပုခုံးလေးကို ပုတ်လိုက်သည်

"ဟဲလို ?"

လုရိချန် နောက်လှည့်ကြည့်လိုက်တော့ သူမဖြစ်နေမယ်လို့ မထင်ထားတာကြောင့် နဲနဲတော့ အံဩသွားမိသည်

"ဘယ်လိုလုပ် မင်း ဖြစ်‌နေတာလဲ ?"

" ဟုတ်တယ် တိုက်ဆိုင်တယ်နော် ကြည့်ရတာ ရေစက်ပါတယ်ထင်တယ် "

မုရှောင်းရှောင် ခေါင်းလေးစောင်းလိုက်ပြီး ကောင်တာက မှန် ဘောင်လေးထဲမှာရှိနေတဲ့  ကိတ်ကလေးကို လှမ်းကြည့်လိုက်သည် အဲဒါက စတော်ဘယ်ရီကိတ်ကလေးပင်

သူမ ရင်ခုန်သွားရသည် လုရိချန်က သူ့ကောင်မလေးအတွက် မနက်စာ အဖြစ် စတော်ဘယ်ရီ ကိတ်ကို ၀ယ်ပေးတယ်ဆိုတာကိုပေါ့ ၊ ဒီလိုဆို သူ့ရဲ့ လျှို့ဝှက်တဲ့ ကောင်မလေးက ရှန်တရဲ့ ကျောင်းသူလေးပဲ ဖြစ်ရမည်

ချစ်ခြင်းဘီလီယံ  ( Billion of Pampering Only For You)Where stories live. Discover now