အပိုင်း - ၉၂

2K 190 0
                                    

Unicode

အပိုင်း - ၉၂ အပြစ်သိစိတ်ကိုခံစားရခြင်း



သူမြည်းစမ်းမိလိုက်သော ချိုမြိန်မှုကိုပြန်စဉ်းစားရင်း
ယင်းရှောင်ကျဲ ဂနာငြိမ်ပြီး မနေနိုင်။  သူကအနားကို ထပ်ပြီးတော့ ကပ်မသွား မနေနိုင်ဘဲ သူမနှုတ်ခမ်းကိုအသာအယာဖိကပ်လိုက်တယ်၊ ဒါပေမယ့်သူအရင် တစ်ခေါက်ကလို လျှပ်တဖျတ် မဟုတ်ခဲ့ဘူး။

အဲဒီအချိန် ခဏလေးတောင် မုရှောင်းရှောင်ရဲ့ မျက်တောင်များသည်လိပ်ပြာတစ်ကောင်ရဲ့ အတောင်များကဲ့သို့ ပျံဝဲနေသလိုဖြစ်‌ နေသည်ကိုမြင်ရသည်နှင့် သူအံ့သြသွားသည်။
သူကခေါင်းကို ပြန်ဆန့်လိုက်ပြီး သူမကိုခုတင်ရဲ့အခြားတစ်ဖက်ကိုရွှေ့လိုက်ပြီး သေချာလေး အိပ်စက်လို့ အဆင်ပြေစေရန် လုပ်ပေးသည်။

မမျှော်လင့်ဘဲ မုရှောင်းရှောင် အိပ်ပျော်ရာကနေ သူမ၏လက်သေးသေးလေးကိုသူ့အင်္ကျီပေါ်သို့ဆုပ်ကိုင်လိုက်ပြီး သူမ၏ခေါင်းကို သူ့ဘက်သို့ ပိုမိုနီးကပ်လာကာ ရင်ဘတ်နားသို့ ကပ်လာသည်။  ထို့နောက်သူမ မဟုတ်သလို ပြန်အိပ်ပျော်သွားသည်။


ရှောင်းရှောင် အိပ်ပျော်နေပြီ ထင်ပြီး လုပ်ချင်ရာ လုပ်မိတာကြောင့် လန့်သွားစဉ် ပြန် အိပ်ပျော်သွားတာကြောင့် ရယ်ရမလားငိုရမလား မသိတော့ချေ

ဒါပေမယ့် သူမ မသိလိုက်သရွေ့တော့ အားလုံး အဆင်ပြေမှာပါ

သူ့ခေါင်းကို အနည်းငယ်ငုံ့ထားပြီး မုရှောင်းရှောင်လည်ပင်းနား သူ့နှာခေါင်းချွန်ချွန်ကို ကပ်ပြီး သူမ၏ ကိုယ်သင်းရနံ့ကိုရှူရှိုက်လိုက်သည်။

ဘယ်လို  shower gel ကိုသုံးလို့  သူမခန္ဓာကိုယ်က အနံ့အသက် အလွန်ကောင်းတာလဲ

...

နောက်တစ်နေ့ မနက်

မုရှောင်းရှောင် ခေါင်းတစ်ခြမ်းကိုက်ရင်း အိပ်ရာနိုးလာကာ လူးလိမ့်နေသည်။

"ငါ့ခေါင်း တအားကိုက်တယ် ... ဒါက ရူးမလိုပဲ !"

သူမခေါင်းကပေါက်ကွဲတော့မလိုခံစား‌ နေရတယ်။
ဒါ့အပြင်  သူမမျက်လုံးထောင့်မှလဲ မျက်ရည်များစီးကျလာကာ နာကျင်မှုကို ကြံ့ကြံ့ခံကာ သူမပုံစံသည် အလွန်သနားစရာကောင်းပုံရသည်။

ချစ်ခြင်းဘီလီယံ  ( Billion of Pampering Only For You)Unde poveștirile trăiesc. Descoperă acum