အပိုင်း - ၄၁

2.2K 204 0
                                    

Unicode

အပိုင်း -၄၁ ငါ သူမကို ငြင်းလိုက်တယ်

"ဘာမှ မဟုတ်ပါဘူး  အရမ်းပဲ ဗိုက်ဆာတယ် ! ဆာလွန်း‌လို့ မတ်တပ်တောင် ကောင်းကောင်းမရပ်နိုင်တော့ဘူး "

မုရှောင်းရှောင် ပြောလဲပြော လုရိချန်ကိုလဲ အလျင်စလို မြန်မြန် ဆွဲခေါ်ရင်း  လျှောက်သွားလိုက်သည်

နောက်ဆုံးတော့ သူမတို့ မနက်စာတွေ ရောင်းတဲ့ ဆိုင်ကို ရောက်သွားလေသည်

လုရိချန် ညွှန်းပေးလို့ မုရှောင်းရှောင် ရှောင်းလုံပေါင်း တစ်ပွဲ မှာလိုက်သည် (ET/N - ဖက်ထုပ်ပြုတ်ပူပူလေး)

သူမ တစ်ချက်လောက်ကိုက်လိုက်ပြီး အရသာကို မြည်းကြည့်လိုက်တော့ မျက်လုံးလေးပြူးသွားသည် 

"အရမ်းစားလို့ကောင်းတာပဲ ရှင် မြည်းကြည့်ချင်လား ? စောနက ကိတ်မုန့်စားလိုက်တော့ ကျွန်မတစ်ယောက်ထဲ စားလို့လဲ မကုန်ဘူး"

"မမြည်းတော့ပါဘူး ကိုယ် ဗိုက်မဆာဘူး"

လုရိချန် လက်ကလေး ကာရမ်းပြီး ငြင်းလိုက်သည်

မုရှောင်းရှောင် လုရိချန်ရဲ့ငြင်းဆန်မှုကို  စိတ်ထဲမရှိ‌ပေ
သူက တော်တော် ယဉ်ကျေးတာပဲ

သူမ သူကိုင်ထားတဲ့ ကိတ်ကလေးကို ကြည့်ပြီး မမေးရမ‌နေနိုင်ဖြစ်ကာ

" ဘာလို့ ၀ယ်ပြီးတော့ မစားတာလဲဟင် ? ကောင်မလေးအတွက်လား?"

လုရိချန် မုရှောင်းရှောင်းရဲ့ ‌အမေးကို မဖြေဘဲ စကားလမ်းကြောင်းလွှဲသည်

"မင်းပုံစံက  စတော်ဘယ်ရီကိတ်ကို တော်တော်‌လေး ကြိုက်တယ်ထင်တယ်နော်  ? "

မုရှောင်းရှောင် က ညဏ်ကောင်းတဲ့ သူပင် သူ မပြောချင်တာမှန်းသိတာနဲ့ သူမလဲ ဆက်ပြီးတော့ မမေးနေချေ ဘယ်လိုပဲ ဖြစ်ဖြစ် ဒီကိတ်က သူ့ကောင်မလေးအတွက် ၀ယ်ပေးတယ်ဆိုတာ ပိုပြီးတော့  သေချာသွားသည်

ဒါ့ကြောင့် သူရဲ့ကောင်မလေးကလဲ ဒီရှန်တ ထဲမှာပဲ ရှိနေတဲ့သူပင် ဖြစ်ကို ဖြစ်ရမည်

မုရှောင်းရှောင်း မိမိရဲ့ ညဏ်ကောင်းမှုကို ခံစားလိုက်ရကာ တစ်ချိန်ထဲမှာပဲ  ဘယ်လို မိန်းကလေးက သူဒီလောက်သဘောကျအောင် ဆွဲဆောင်နိုင်တာလဲ သိချင်မိသည်
လုရိချန်က ကောင်မလေးကို ကာကွယ်ပေးတတ်တဲ့ အပြင် နှစ်တွေအများကြီး အကြာကြီးလဲ တွဲသေးသည်

ချစ်ခြင်းဘီလီယံ  ( Billion of Pampering Only For You)Where stories live. Discover now