အပိုင်း - ၃၈

2.1K 190 1
                                    

Unicode
အပိုင်း -၃၈ မင်းကတကယ် ချော့ရခက်တာပဲ

ပြိုင်ကားလေးရဲ့ တံခါးက အလိုအလျောက် ပွင့်လာသည်

မုရှောင်းရှောင် ခေါင်းကို ငုံ့ကာ ငုတ်တုတ် ထိုင်ချလိုက်သည်
ထလဲ မထတဲ့အပြင်  တစ်ချက်မှ တုပ်တုပ်မလှုပ်ပေ

ယင်းရှောင်ကျဲ ရွေးချယ်စရာ မရှိဘဲ ကားပေါ်ကနေဆင်းကာ သူမလေးဆီ လျှောက်လာလိုက်သည် . ယင်းရှောင်ကျဲ
ငုတ်တုပ်ကလေးထိုင်နေတဲ့ ရှောင်းရှောင်ရှေ့ ဒူးချ ထိုင်ချလိုက်ပြီး ခေါင်းငုံနေတဲ့ သူမကို စိုက်ကြည့်ကာ

"ရှောင်ရှောင် ကားပေါ် တက်မှာလား မတက်ဘူးလား?"

သူစိတ်ရှည်ရှည်နဲ့ မေးလိုက်သည် 

ယင်း‌ရှောင်ကျဲ အနေနဲ့ စဉ်းစားကြည့်ရင်  သူ့အနားမှာ ပတ်လည်ဝိုင်းနေတဲ့ မိန်းကလေးတွေကပဲ သူ့အလိုလိုက်ကာ
စိတ်ကျေနပ်အောင် လုပ်ပေးကြတာပင် သူစိတ်လျော့ကာ ချော့အောင်လုပ်နိုင်တဲ့ လူကတော့ သူ့ရှေ့က ကောင်မလေးတစ်ယောက်ပဲရှိသည်

မုရှောင်းရှောင် စိတ်ဆိုးနေတုန်းပင် ဒါပေမယ့် သူမ ထုတ်မပြောပေ ယင်းရှောင်ကျဲကို ဆက်ပြီး လျစ်လျူရှုထားသည်

ငုတ်တုတ်ကြီး မျက်နှာချင်းထိုင်နေတဲ့ သူတို့နှစ်ယောက်ရဲ့ ပုံစံက ကလေးတွေလိုပင်

ယင်းရှောင်ကျဲ သူကိုယ်တိုင်တောင်မသိလိုက်ဘဲ ကလေးဘ၀ ပြန်ရောက်သွားသလို ခံစားလိုက်ရကာ အရင်က အမှတ်တရတွေကိုပါတွေးမိလိုက်သည်

"နင် စိတ်ဆိုးလို့ပြီးပြီလား? တကယ်လို့ ငါ့ကား လိုက်မစီးဘူးဆိုရင်လဲ ငါသွားတော့မှာနော် ....ဒီလိုမှ မဟုတ်ရင်
မင်းကို ကားပေါ်ကို ချီပြီးသယ်သွားစေချင်တာလား ?"

မုရှောင်းရှောင် ခေါင်းလေးကို ဖြေးဖြေးမော့လာကာ  ယင်းရှောင်ကျဲကို မကြည်ကြည့် ကြည့်လိုက်သည် သူနောက်ထပ် ဘာအကွက်ရွေ့ဦးမလဲ သူမကို ဘယ်လို အနိုင်ကျင့်ဦးမလဲ စောင့်ကြည့်နေမိသည်

"ကဲ စကားမပြောဘူးလား? ဒါဆို ငါမှာ ရွေးချယ်စရာ တစ်ခုပဲ ရှိတော့တယ် "

ယင်းရှောင်ကျဲ မတ်တပ်ထရပ်လိုက်ပြီး သူဘောင်းဘီကို ခါလိုက်ကာ သူမကိုကြည့်ပြီး

ချစ်ခြင်းဘီလီယံ  ( Billion of Pampering Only For You)Where stories live. Discover now