အပိုင်း - ၁၀

3.3K 325 0
                                    


Unicode Version

အပိုင်း - ၁၀– ဘာကြောင့် အဝတ် မဝတ်တာလဲ

"ဟေ့ ရှောင်းရှောင်  ငါတို့အိမ်‌ ရောက်ပြီ အမြန်ထတော့ မင်းဟန်ဆောင်နေတယ်ဆိုတာ ငါမသိဘူးလို့ထင်မနေနဲ့ မင်းကိုချီပြီးခေါ်သွား‌ စေချင်တာလား အိပ်မက်မက်မနေနဲ့ "

ဒီကောင်မလေးရဲ့ လှည့်ကွက်တွေကို  သူသိနေတာကြောင့် လက်မောင်းကိုတွန်းပြီး နှိုးလိုက်ပေမယ့် ရှောင်းရှောင်က နိုးမလာတဲ့အပြင် သူမရဲ့ လက်ဟာယင်ကောင်လိုပဲ ပျော့ဖတ်နေသည်

ယင်းရှောင်ကျဲ မျက်မှောင်ကြုတ်လျက် ဒီကောင်မလေး တကယ်ပဲ အိပ်မောကျနေတာမဟုတ်ပါဘူးနော်

၁၂ နာရီကျော်ပြီးတဲ့အချိန်ကိုကြည့်ပြီး ရှောင်းရှောင်ရဲ့ ဒီနေ့တရုတ်ကိုပြန်လာတဲ့ ခရီးစဉ်ကိုတွေးလိုက်မိသည် ဆယ်နာရီကျော်ကြာအောင် လေယာဉ်စီးလာရတဲ့အပြင် အခုလဲ ကားတွေ တစ်ခုပြီးတစ်ခုစီးနေရသေးသည် သူမ မပင်ပန်းရင်ပင် ထူးဆန်းနေ‌လိမ့်မည်

သူမပင်ပန်းနေတာကို သတိမထားမိဘဲ နောက်ပြောင်နေခဲ့မိတဲ့ ကိုယ့်လျှာကို ကိုက်လိုက်ကာ

"  ကို တကယ် မင်းကို အကြွေးတင်သွားပြီ"

ဟုသူညည်းငြူလိုက်ကာ ကားထဲကထွက်ပြီး ကားရဲ့ အခြားတစ်ဖက်ကို သွားလိုက်ကာ သူမကို‌ ပွေ့ပြီးတော့သူ့နောက်ကျောပေါ် ကျောပိုးလိုက်သည်

မုရှောင်းရှောင်ရဲ့သေးငယ်တဲ့မျက်နှာလေးက  ယင်းရှောင်ကျဲရဲ့ ကျောမှာ အပ်လို့နေသည်  ကြည့်ရတာ သူ့ကျောပေါ်မှာ  သူမဟာ အလွန်အဆင်ပြေပုံပေါ်သည်  ‌မုရှောင်းရှောင်ဟာ သူမရဲ့  မျက်နှာ‌လေးကို ယင်းရှောင်ကျဲရဲ့ ကျောနဲ့ ပွတ်တိုက်နေပြီး အိပ်ကောင်းခြင်းဖြင့် အိပ်နေတော့သည်

ယင်းရှောင်ကျဲဟာ သူရဲ့ကားကိုအဝေးထိန်းဖြင့်သော့ခတ်လိုက်ပြီး ဓာတ်လှေကားမှတစ်ဆင့်် သူမလေးကို သယ်ဆောင်လာလိုက်သညိ သူကဒီဇိမ်ခံတိုက်ခန်းရဲ့အမြင့်ဆုံးအထပ်မှာနေတာပင် ဘာဖြစ်လို့လဲဆိုတော့သူက အရာရာကို အပေါ်စီးကနေ မြင်ရတာကိုနှစ်သက်လို့ပင်
အရမ်းနောက်ကျ‌နေပြီဖြစ်တာကြောင့် ဓာတ်လှေကားကသူတို့နှစ်ယောက်အပြင် အခြားလူ ရှိမနေပေ

ချစ်ခြင်းဘီလီယံ  ( Billion of Pampering Only For You)Where stories live. Discover now