အပိုင်း - ၃၉

2.2K 202 0
                                    

Unicode

အပိုင်း - ၃၉ ပျင်းတယ် နင်က ဘာလုပ်ချင်လို့လဲ

"အဲဒီလိုဆိုရင် အကောင်းဆုံးပဲ "

ယင်းရှောင်ကျဲ မီးနီပွိုင့် မိတော့မှ ရှောင်းရှောင်ရဲ့မျက်နှာကို သေချာလေးကြည့်မိသည်

မုရှောင်း‌‌ရှောင် ရုတ်တရက်ကြီး ပြုံးကာ သူ့ဘက်လှည့်လာလိမ့်မယ်လို့ ဘယ်သူသိမှာလဲ

" ဒါပေမယ့် အခုအခြေအနေအရဆိုရင် နင်ငါ့ကို စိတ်ညစ်အောင်လုပ်လိုက်ပြီ ,တကယ်လို့ နောက်‌နောင် ထပ်ပြီး ငါမပျော်တော့အောင် စိတ်ညစ်သွားအောင် လုပ်ဦးမယ်ဆိုရင်တော့ ~~~~~မေမေယင်းကို မတိုင်ဘူးလို့ အာမ မခံနိုင်ဘူး "

သေးမွှားတဲ့ ကိစ္စလေးကလဲ နောင်ဆို အသုံး၀င်လာနိုင်သည်
ယင်းရှောင်ကျဲ သူမကို မထီမဲ့မြင် မလုပ်ရဲအောင်  လုပ်ထားရမယ်  သူမက ဒီလို ပြဿနာလေးအတွက် ဒီလိုသတင်းအချက်ကို ‌လူတကာသိအောင် ဘာလို့လျှောက်ပြောရမှာလဲ နောင်မှ အကျိုးရှိရှိ ကောင်းကောင်းကြီး အသုံးချရမည် 

နောက်ဆုံးတော့ သူတို့ နှစ်ယောက်ကျောင်းနားကို ရောက်သွားခဲ့ပြီး အဆင့်မြင့် ကျောင်းကြီးရဲ့ ဂိတ်တံခါးကို မြင်တွေ့လိုက်ရသည်

မုရှောင်းရှောင် အရမ်းပဲ ပျင်းရိနေကာ ကားပြတင်းပေါက်ကနေ အပြင်ဘက်ကိုငေးလိုက်ရင်း မနက်စာ ၀ယ်ရင်ကောင်းမလားတွေးလိုက်မိသည် မထင်မှတ်ဘဲ အရပ် ရှည်ရှည်နဲ့ ကြည့်ကောင်းတဲ့ပုံရိပ်ကလေးက ထင်းခနဲ သူမရဲ့ မျက်၀န်းထဲကို ၀င်ရောက်လာလေသည်

လုရိချန်?

ရှောင်းရှောင် အံအားသင့်သွားကာ သူမရဲ့ မျက်လုံးလေးတွေပါ ပြူးကျယ်သွားရသည် သူ မနေ့က ကိတ်မုန့်ဆိုင်လေးကိုပဲ ထပ်ပြီးတော့ ၀င်သွားတာကိုတွေ့လိုက်ရသည်

ယင်းရှောင်ကျဲ ကို ချက်ချင်းပဲ အော်ပြီး ရပ်ခိုင်းကာ

" "ရပ် ရပ်ပေး ရပ်ပေး မြန်မြန်လေးရပ်ပေး "

သူမရဲ့ လက်ကလေးနဲ့ ယင်းရှောင်ကျဲရဲ့ အင်္ကျီကို ဆွဲပြီးတော့ပါ  ထပ်ပြီးတော့ မြန်မြန်လေး ရပ်ခိုင်းလိုက်သည်

ချစ်ခြင်းဘီလီယံ  ( Billion of Pampering Only For You)Where stories live. Discover now