အပိုင်း - ၉၄

2K 190 2
                                    

Unicode

အပိုင်း - ၉၄ ငါသူ့ကို စိတ်ဆိုးအောင် လုပ်မိသလား

မုရှောင်းရှောင် ပဟေတိ ဆန်စွာ စဉ်းစားကြည့်နေသော်လည်း ယင်းရှောင်ကျဲ ပြောသောစကားများကို
သံသယ၀င်ခြင်း မရှိခဲ့ပါ။  အခြားအကြောင်းရင်းများကိုလဲ သူမမတွေးနိုင်သဖြင့်  သူမတကယ်ပဲ မတော်တဆကိုက်မိတာဖြစ်လိမ့်မည်ဟုပဲ ထင်ခဲ့သည်။

စဉ်းစားပြီးတဲ့နောက် နှုတ်ခမ်းက ဒဏ်ရာကလဲ ဘာမှပြင်းထန်တာမဟုတ်တဲ့အတွက် မုရှောင်းရှောင်
ဂရုမစိုက်တော့ပေ

သူမနှုတ်ခမ်းများကို တစ်သျှူးဖြင့်ခြောက်အောင်သုတ်ပြီးအခန်းထဲပြန်၀င်သွားသည်။  ခဏအကြာ ဖိနပ်သံ တစ်ရှပ်ရှပ်နဲ့ ဆူညံစွာပြန် လျှောက်လာသည်။

"ကျဲ ၊ နင် နာမည်ကြီး တံဆိပ်အ၀တ်အထည်ဆိုင်တွေမှာ VIP အဖွဲ့ဝင်လား?  "

သူမလျှောက်လာရင်း မေးလိုက်သည် ... ယင်းရှောင်ကျဲကတော့ အ၀တ်လဲပြီး အပြင်ထွက်ဖို့ပြင်‌နေပုံရသည်ကို
သူမမြင်လိုက်ရသည်။

"ကျဲ ဘယ်သွားမလို့လဲ။ ပျော်ပါးဖို့ထွက်တာလား? "

သူမမျက်မှောင်ကြုတ်လိုက်မိပြီး သူမကိုယ် သူမအရမ်းအားနည်း‌‌ ပျော့ညံ့နေသလိုခံစားနေရသည်။ တစ်ရက်လောက်အပြင်ထွက်ပြီး လည်လိုက်တာ တော်တော်လေး အားကုန်သွားပြီ ဖြစ်၍ ဒီနေ့တော့  သူမအပြင်မထွက်ချင် အိမ်မှာဘဲ နေချင်သည်

"ဟုတ်တယ်"

ယင်းရှောင်ကျဲ စိတ်အားထက်သန်စွာပြန်ဖြေသည် သို့ သော်
ရှောင်းရှောင်ကို  သူနှင့်အတူ ခေါ်သွားရန် ရည်ရွယ်ချက်မရှိသဖြင့် သူက

"မင်း ကတော့ အိမ်မှာပဲနေခဲ့ပြီး အနားယူ ငါလုပ်စရာ‌လေးရှိတယ်၊ ခဏပဲသွားပြီး ပြန်လာမယ်"

"အင်း  " 

ယင်းရှောင်ကျဲ ပြောပြီးချင်းချက်း ထွက်ခွာတော့ဟန်ပြင်လိုက်တဲ့အခါ မုရှောင်း‌ရှောင် အလျင်အမြန်ထလာပြီး

"ကျဲ ကျဲ ကျဲ ခဏ နင် VIP ဟုတ်လား မဟုတ်လား မပြောရသေးဘူး ?"

ယင်းရှောင်ကျဲ နောက်သို့လှည့်ကြည့်လိုက်ပြီးသူမကိုအနည်းငယ်စိတ်ဆိုးနေပုံနဲ့

ချစ်ခြင်းဘီလီယံ  ( Billion of Pampering Only For You)Where stories live. Discover now