အပိုင်း - ၆၇

2.5K 296 22
                                    

Unicode

အပိုင်း ၆၇ - ငါကအရမ်းသစ္စာရှိပါတယ်

မုရှောင်းရှောင် ဖြေရှင်းချက်ပေးတာကတော့

"ငါက လုရိချန်ကို မိတ်ဆွေ သူငယ်ချင်းအဖြစ်ပဲ သတ်မှတ်ထားတာ  သူ့မှာ ရည်းစားရှိတယ်ဆိုတာလဲ ငါသိတယ် ငါသူ့ကိုတကယ် ကြိုက်တယ်ဆိုရင်တောင်မှသူတို့ဆက်ဆံရေးကိုဘယ်တော့မှဖျက်ဆီးမှာမဟုတ်ဘူး"

ယင်းရှောင်‌ကျဲ မုရှောင်းရှောင်ရဲ့ ရှင်းပြတာကို လေ့လာပြီးသူမလိမ်နေတာ မဟုတ်မှန်း သူသိသည်   သူမ လုရိချန်အကြောင်းပြောတဲ့အခါ သူမရဲ့ မျက်လုံးတွေက ရှင်းလင်းနေပြီး လုရိချန် အပေါ် စိတ်ကူးယဉ်ဆန်သောခံစားချက်များလဲ မရှိ‌နေ  ရိုးရိုးသားသားခင်မင်တဲ့ မိတ်ဆွေ သူငယ်ချင်းတစ်ယောက် အကြောင်းပြောနေသကဲ့သို့ ပုံမှန်ပင် ဖြစ်သည်

ယင်းရှောင်ကျဲ သူရဲ့ စိတ်ထဲမှာ တင်နေသောဝန်ထုပ်ဝန်ပိုးက ပျောက်ကွယ်သွားပြီး အခုမှပဲ စိတ်သက်သာရာရသည် သို့သော် ယင်းရှောင်ကျဲ သူကတော့ ဒီအတိုင်း လွယ်လွယ်လေး အလျော့မပေးနိုင်ချေ

“ ဒီနေ့မင်းဘာဖြစ်သွားတာလဲ? မင်းသူနဲ့ အတူ အတန်းပါ လစ်ပြေးတယ်မဟုတ်လား???? ပြီးတော့ မင်းသူနဲ့အတူ
ဒီနေ့လည်ခင်းတစ်ခုလုံးအတူနေခဲ့တာပဲ၊ ဟုတ်ရဲ့လား? ဘယ်ကိုသွားခဲ့တာလဲ၊ မင်းဘာလုပ်ခဲ့တာလဲ? ”

မုရှောင်းရှောင် အလွန်အမင်းအံ့အားသင့်သွားပြီး

"ငါသူနဲ့ အတူ အတန်းလစ်‌ပြေးသွားတာ နင် ဘယ်လိုသိသလဲ"

ယင်းရှောင်ကျဲ မုရှောင်းရှောင်ရဲ့ နှာခေါင်းကိုညှစ်ဖို့လက်ကိုဆန့်ပြီး

“ လူတွေကိုမသိစေချင်ဘူးဆိုရင်မလုပ်နဲ့လေ! ရှန်တက ငါ့ပိုင်နက် ...ငါ ပိုင်နက်ထဲမှာ ငါသိချင်ရင် ဘယ်သူမှ ဖုံးကွယ်လို့မရဘူး "

မုရှောင်းရှောင် ကသူ့ကိုမယုံသင်္ကာဖြင့်ကြည့်လိုက်သည်။ သူမရဲ့ ပါးစပ်ဖွင့်လိုက်တာက ယင်းရှောင်ကျဲကို ကျောင်းပြေးပြီး လုရိချန်နဲ့ အတူထွက်သွားတာ အမှန်တရားအဖြစ်
၀န်ခံလိုက်တာနဲ့ တူသည်

ချစ်ခြင်းဘီလီယံ  ( Billion of Pampering Only For You)Where stories live. Discover now