အပိုင်း - ၈၉

2K 201 4
                                    

Unicode

အပိုင်း - ၈၉  သူမကိုနမ်းဖို့စဉ်းစားနေတာလား

ယင်းရှောင်ကျဲ ရှောင်းရှောင်ကို ရှေ့ခရီးသည်ထိုင်ခုံသို့
ပြန်သယ်ပို့လိုက်ပြီး အူယားလာကာ ဆူထွက်နေတဲ့ ပါး‌ ဖောင်းဖောင်းလေးကို ညှစ်လိုက်ပြီး သူမအား

“ နောက်တစ်ခါ မင်းသောက်ရဲ သေးလားဆိုတာငါတို့ စောင့်ကြည့်ကြတာပေါ့  အရက်ခွက်‌တောင် ကောင်းကောင်းမကိုင်နိုင်သေးဘူး (အသက်ငယ်‌သေး) အရက်ကသောက်ချင်သေးတယ်  မင်း ဘာလို့ဒီလောက်ရူးရတာတာလဲ  ဟင်! "

"ဟွန့်  ... "

မုရှောင်းရှောင် ချွဲသံလေးနဲ့  ညည်းညူလိုက်ပြီး

  "ဒါကမိုက်တယ်လေ ... "


ယင်းရှောင်ကျဲ ဒေါသမထွက်နိုင်ဘဲ သူမ၏နဖူးကိုညင်သာစွာရိုက်လိုက်သည်။

"ကောင်းပြီ၊ ငါတို့ အခု ချက်ချင်းအိမ်ပြန်မယ်။ ငါမင်းကိုအရက်နာကျတာ ပျောက်အောင် ဆေးတစ်ခွက်ပေးမယ်။ အခု မင်းနည်းနည်း ပိုအိပ်လိုက် အဲဒါဆို နေလို့ကောင်းသွားလိမ့်မယ်"

မုရှောင်းရှောင် တိတ်ဆိတ်နေပြီး  သူမခေါင်းက
ထိုင်ခုံနောက်ဘက်ကိုမှီကာ မျက်မှောင်ကြီးကြုတ်ပြီး
ခေါင်းကလဲ ကိုက်ခဲ နာကျင်နေပုံရသည်။

ယင်းရှောင်ကျဲ သူမကို ဘာမှ မကူညီနိုင်ပေ  သူမရဲ့ ထိုင်ခုံခါးပတ်ကို တပ်ပေးကာ သူ့ထိုင်ခုံတွင်ပြန်ထိုင်ပြီး သူ့အိမ်သို့သာ တန်းမောင်းလာခဲ့သည်။

————

အိမ်ပြန်ရောက်တော့ သူမကိုကုတင်ပေါ်တွင်တင်လိုက်ပြီးသူမကိုလှဲချလိုက်ကာ အရက်နာကျဆေးအချို့ သွား၀ယ်ရန်စဥ်းစားလိုက်ကာ ထွက်ခွာခါနီးတွင် သူမကသူ့အဝတ်အစားများကိုဆွဲကိုင်လိုက်သည်။

"ကျဲ၊ မသွားပါနဲ့ ... "

သူမကနူးညံ့တဲ့အသံနဲ့ရုတ်တရက်ပြောလာ‌တယ်

သူမအိပ်ပျော်နေဆဲဟုသူထင်ခဲ့သော်လည်း
အိပ်ယာမှထပြီး သူ့ကို ဆွဲထားမယ်လို့ သူ မမျှော်လင့်ခဲ့

"ငါအရက်နာကျဆေးတချို့ သွား၀ယ်လိုက် ဦး မယ်၊ မြန်မြန်ပြန်လာခဲ့မယ်နော် ။ မင်းအိပ်ရာပေါ်မှာခဏလောက်အနားယူလိုက် "

ချစ်ခြင်းဘီလီယံ  ( Billion of Pampering Only For You)Where stories live. Discover now