အပိုင်း - ၅၂

2.1K 210 2
                                    

Unicode

အပိုင်း -  ၅၂ သူမက အရေးကြီးလား ဒါမှမဟုတ် ကျွန်မကအရေးကြီးလား

အများအားဖြင့် အတန်းပြီးဆုံးသွားတဲ့ အခါ
ဝူဟောင် ယင်းရှောင်ကျဲနားကို သွားပြီးရစ်သီရစ်သီလုပ်ကာ ဖားတတ်သည် သို့သော် အခုတော့ ယင်းရှောင်ကျဲ သူ့နာမည်ကို မခေါ်မချင်း အနားကို ပုံမှန်အတိုင်း ကပ်မသွား၀င့်ပေ

ယင်းရှောင်ကျဲရဲ့မျက်နှာကြီးက မှောင်မဲနေပြီး , သူ့ရဲ့ လက်ချောင်းရှည်ရှည်တွေက စာရေးခုံပေါ်  တဒေါက်ဒေါက်နဲ့ ခေါက်နေသည်  ယင်းရှောင်ကျဲ အနှောင့်အယှက်ဖြစ်တာကို ဆက်ပြီး သည်းမခံချင်တော့ ဒါကြောင့် လူတစ်ယောက်ကို  ဒီအခြေအနေကိုကျော်လွှားနိုင်ဖို့ ခိုင်းလိုက်တယ်

"ဝူဟောင် မင်း၊ ပထမနှစ် S အတန်းကိုသွားပြီး ငါ့ကိုတစ်ခုကူညီပေး "

"အကိုကျဲ ဘာကူပေးရမလဲ?"

ဝူဟောင် ယင်းရှောင်ကျဲ ရဲ့ အမိန့်ကိုစောင့်ရင်း
သူ့လက်တွေ၊ ခြေထောက်တွေကို ပွတ်နေသည်

ယင်းရှောင်ကျဲ မျက်မှောင်ကြုတ်ပြီး အတွေးတစ်ခုကိုစဉ်းစားမိကာ  အသံတိုးတိုးဖြင့်

"အဲအတန်းကို သွားပြီး ကြည့်‌ပေး မုရှောင်းရှောင်ဆိုတဲ့ ကောင်မလေးအတန်းထဲမှာရှိလား မရှိလားဆိုတာ တကယ်လို့မရှိဘူးဆိုရင်ငါ့ကိုပြန်ပြောပြ မင်းသွားမေးတာ သူမ မသိစေနဲ့ ကြားလား? "

ဝူဟောင်က ယင်းရှောင်ကျဲ ပြောတဲ့ အဓိပ္ပာယ်ကိုနားမလည်သော်လည်း

“အင်း  ငါနားလည်တယ်”

ဟုပင် ခေါင်းညိတ်ပြလိုက်သည်

"မြန်မြန်လေးသွား "

ယင်းရှောင်ကျဲ ချက်ချင်းသွားဆိုတဲ့ပုံစံ လက်ကိုဝှေ့ယမ်းလိုက်သည်။

“ အင်း ငါ အခု ချက်ချင်းသွားမယ်!”

  ဝူဟောင်ကမြှောက်ပင့်ပြောဆိုပြီးစာသင်ခန်းထဲကနေထွက်လာသည်။

သို့သော် သူ စာသင်ခန်းနဲ့ အရမ်းမဝေးသေးခင်
ပိုင်မိန်ကျောင်း နဲ့ တန်းပြီးတော့ တွေ့တော့တာပဲ

ချစ်ခြင်းဘီလီယံ  ( Billion of Pampering Only For You)Where stories live. Discover now