အပိုင်း - ၈၈

2K 212 0
                                    

Unicode

အပိုင်း - ၈၈ တစ်စုံတစ်‌ယောက်ဆီက အမိန့်ရထားတာ

ထိပ်ပြောင်‌‌နေတဲ့ ခေါင်းဆောင်က တံတွေးကို ထွီခနဲ ရွံစရာကောင်းအောင် ထွေးလိုက်လေသည်  သူ့မျက်နှာမှာလဲ ဓားဒဏ်ရာတစ်ခုရှိနေပြီး ဒဏ်ရာပုံစံက ကန့်လန့်ဖြတ် မျဉ်းတစ်ကြောင်းလိုဖြစ်နေကာ ဘယ်ဘက်မျက်လုံးအောက်ကနေ ပါးစပ်ဖက်သို့စောင်းသွားသည်။  သူက ယင်းရှောင်ကျဲရဲ့ပြိုင်ကားကိုကြည့်ပြီး မျက်လုံးတွေကလောဘတွေနဲ့ ပြည့်နှက်နေကာ ဒေါသသံဖြင့်

" ဟေ့‌ ကောင်လေး မင်းက ချမ်းသာတဲ့မိသားစုက သူဌေးသားပဲဖြစ်ရမယ် ဒါကြောင့် ငါတို့ဒီလိုလုပ်တာ စိတ်မရှိဘူး ဟုတ်တယ်မလား၊ နည်းနည်းလေး ပေးကမ်းလိုက်စမ်းပါ ယွမ် ၅၀၀၀၀၀  လောက်ဆို ဘယ်လိုလဲ ?   မင်းအတွက် အရက်သောက်တဲ့အခါ ပေးရတဲ့ မြေပဲဖိုးလောက်ပဲ ဖြစ်မှာပါ မနစ်နာသွားပါဘူး ဟုတ်တယ်မလား "

ယင်းရှောင်ကျဲ သူ့အိတ်ကပ်ထဲတွင် လက်တစ်ဖက်ထည့်ကာသူ့ရဲ့ချောမောတဲ့ ရုပ်ရည် ကြည့်ကောင်းတဲ့ အရပ် မထီမဲမြင်ပုံစံနဲ့  ဘာစကားမှမဆိုဘဲ ရပ်နေသည်
ယင်းရှောင်ကျဲ ဒီအတိုင်းလေးရပ်နေတဲ့ ပုံစံကတောင် ထိပ်ပြောင်ခေါင်းဆောင်အတွက်  သူ့ကို အလေးလုံး၀မထားတဲ့ ပုံစံပေါ်နေသည်


ယင်းရှောင်ကျဲ ထိုလူဆီသို့ ဖြည်းဖြည်းချင်းလျှောက်သွားပြီး သူ တကယ် စိတ်မကြည်မလင်ပြုံးလိုက်သည်။

  "ယွမ် ၅၀၀၀၀၀ လား၊ အဲဒါမြေပဲဖိုး လောက်ပါပဲ ဒါပေမယ့် လမ်းမှာတွေ့ရင်တောင် ငါမကောက်ဘူး "

ဒီစကားကိုကြားတော့ ထိပ်ပြောင် ခေါင်းဆောင်ရဲ့ မျက်လုံးတွေကအရောင်တောက်လာတယ်

  "ဒါဆိုမင်းသဘောတူလား?  မြန်မြန်လေး ငါတို့ကိုငွေပေး လေ ငါတို့ သဘောမတူစရာမရှိပါဘူး "

သူစကားမဆုံးခင် ယင်းရှောင်ကျဲက သူ့အစာအိမ်ရှိနေတဲ့ နေရာကို ဦးတည်ပြီး ဖျတ်ခနဲ ကန်လိုက်သောအခါ ခေါင်းပြောင်ကြီး သူ့ဗိုက်ကို အုပ်လိုက်ပြီး
နာကျင်စွာဒူးထောက်ချလိုက်သည်။

နာကျင်နေတဲ့ ထိပ်ပြောင်ကို ကြည့်ပြီး ယင်းရှောင်ကျဲ ကအေးစက်နေတဲ့ ရယ်သံနဲ့ ရယ်လိုက်ပြီး သူ့ကိုစိုက်ကြည့်လိုက်သည်။ 

ချစ်ခြင်းဘီလီယံ  ( Billion of Pampering Only For You)Where stories live. Discover now