အပိုင်း - ၄၂

2.1K 198 6
                                    

Unicode

အပိုင်း - ၄၂ မင်း ငါ့ရှေ့မှာ ဆက်ပြီးတော့  ဖြူစင်ရိုးသားဟန် ဆောင်စရာမလိုဘူး

လုရိချန်  ရုတ်တရက်ရပ်တန့်လိုက်ပြီး မျက်မှောင်ကြုတ်လျက် စကားပြောနေတဲ့ ‌အစောင့်နှစ်ယောက်ဆီကိုလှည့်ကာ

“ ဟယ်လို ခင်များတို့ ပြောနေတာ မနေ့က ဂိတ်စောင့် ဦးလေးကိုပြောနေတာလား?  ”

အစောင့်‌သစ်တွေလဲ ခဏတော့ ကြောင်သွားပေမယ့်  မေးနေတဲ့ သူ့ကိုသိပုံရသည် ထို့ကြောင့် သဘောကောင်းစွာနဲ့ပဲ

"ဟုတ်တယ်၊ ကိစ္စ တစ်ခုခု‌ ဖြစ်လို့လား "

ပြန်မေးကြသည်

"သူဘယ်အချိန်တုန်းက အလုပ်ထုတ်ခံလိုက်ရတာလဲ? ဘာ‌ကြောင့် အလုပ်ထုတ်ခံလိုက်ရတာလဲ?  "

လုရိချန် သေသေချာချာ လေးနက်စွာ ထပ်မေးလိုက်ပြန်သည်

"ဒါ .....ဒါက ....မနေ့က နေ့လည် မွန်းလွဲပိုင်း လောက်မှ ထုတ်ခံလိုက်ရတာ အကြောင်းပြချက်ကတော့  ... "

အစောင့်သစ်သည် အလွန်စိတ်သောကရောက်နေပုံပေါ်နေကာ ပြောရင်ကောင်းမလား မပြောရင်ကောင်းမလား စဉ်းစားကာ လုရိချန် အနားမှာ ရှိ‌နေတဲ့  မုရှောင်းရှောင်ကို တစ်ချက်ကြည့်လိုက်ပြီး

"ဝမ်းနည်းပါတယ်၊ ဒါက အတွင်းရေးကိစ္စမို့  မင်းကိုပြောဖို့အဆင်မပြေဘူး"

အစောင့်က မပြောခဲ့ရင်တောင် လုရိချန် ဘာတွေဖြစ်နေတယ်ဆိုတာကို နားလည်သွားသည်

လုရိချန် မျက်နှာက ပြန်ပြီးတော့ ပုံမှန်ဖြစ်သွားကာ  တည်ငြိမ်ယဥ်‌ကျေးစွာဖြင့်

"ကျေးဇူးတင်ပါတယ် ကျွန်တော် သိပါပြီ "

ထို့နောက် လုရိချန် မုရှောင်းရှောင်ကို ထားခဲ့ကာ ထွက်သွားတော့သည် 

မုရှောင်းရှောင်ကတော့ ဘာတွေ ဖြစ်နေမှန်း သေချာ ရှင်းရှင်းလင်းလင်းမသိပေ  လုရိချန် အစောင့်ကို မေးတာကိုစောင့်‌ပေးနေမိသည်   အလုပ်ထုတ်လိုက်တယ် ?
မနေ့က သူမကို တားလိုက်တဲ့အစောင့်လား?  သူ့ကို ဘာကြောင့်များ အလုပ်ထုတ်ပစ်တာပါလိမ့် ?

ချစ်ခြင်းဘီလီယံ  ( Billion of Pampering Only For You)Where stories live. Discover now