အပိုင်း - ၉၃

1.9K 207 12
                                    

Unicode

အပိုင်း - ၉၃ သူမရဲ့ နှုတ်ခမ်းပါးပါးလေး ပေါက်သွား

မုရှောင်းရှောင် သူမနှုတ်ခမ်းကိုစူလိုက်ပြီး မပျော်မရွှင်နဲ့ ရေချိုးခန်းသို့ ဦးတည်ရင်း

"ကောင်းပြီ ကောင်းပြီ ငါသွားတော့မယ် ... "

ယင်းရှောင်ကျဲ ထူးဆန်း‌ နေသည်ဟု သူမထင်ပေမယ့်
သူမကို အခါးသက်သာ‌အောင် lollipop ပေးပြီး ဂရုစိုက်တဲ့
ယင်းရှောင်ကျဲ  မဟုတ်သလို ခံစားရသည်

မျက်တောင်တစ်ခတ်ဆိုတဲ့အချိန် ခဏလေးမှာတင် သူမကိုအေးစက်စက် ပြန်ပြီး ဆက်ဆံနေသည် ဒီကောင် စိတ်မမှန်ဘူး


သူမရေချိုးခန်းမှထွက်သောအခါ ယင်းရှောင်ကျဲက သူမကိုစောင့်နေသကဲ့သို့ ထမင်းစားပွဲမှာထိုင်နေပြီဖြစ်သည်

မနက်စာကိုစားပွဲပေါ်မှမြင်လိုက်ရ၍ မုရှောင်းရှောင်ရဲ့ မျက်လုံးများက မတောက်ပဘဲ မနေ အလွန် ၀မ်းသာသွားပြီး
ယင်းရှောင်ကျဲ နား၀င်ထိုင်လိုက်ကာ

"ကျဲ ၊ ငါဘာစားချင်လဲ နင်မှတ်မိနေတာလား?  ငါ့အကြိုက်ဆုံးတွေ အားလုံးကို နင်ဝယ်ထားတာပဲ "

"ငါ တွေ့ကရာ ဆွဲ၀ယ်ခဲ့တာ မင်းဘာစားချင်လဲ ဘယ်သူကမှတ်မိမှာလဲ?  "

ယင်ရှောင်ကျဲ ဘုကလန့်  ပြောလိုက်ပေမယ့် သူလက်ကတော့ ဘူးအဖုံးကိုဖွင့်လိုက်ပြီး သူမရှေ့ကို
တို့ပေးလိုက်သည် ပြီးမှ သူမကို သတိပေးလိုက်ကာ

"ယာဂုကပူနေတယ်၊ ​​ဒါကြောင့် သတိထားစား "

"အရင်ဆုံး ငါနို့သောက်ချင်တယ် "

မုရှောင်းရှောင် ပြောလဲ ပြောရင်း စတော်ဘယ်ရီနို့ဘူးကို
ယူရန် သူမလက်ကိုဆန့်ထုတ်လိုက်သည်

သူမကိုကြည့်ပြီး ယင်းရှောင်ကျဲ ရယ်ရယ်မောမောနဲ့

"ရှောင်းရှောင် ၊ မင်းအသက်ဘယ်လောက်ရှိပြီလဲ ??
မင်းနို့သောက်သင့်တဲ့ အရွယ် မဟုတ်တော့ဘူး မှတ်လား ?
စတော်ဘယ်ရီနို့က ကလေးတွေပဲ စားတာ မဟုတ်ဘူးလား"

မုရှောင်းရှောင်ကတော့ သောက်ပြီးသွားပြီး ပုလင်းအလွတ်ကိုချကာ သူ့ကိုစိုက်ကြည့်ပြီး

ချစ်ခြင်းဘီလီယံ  ( Billion of Pampering Only For You)Where stories live. Discover now