အပိုင်း - ၈၁

2.1K 218 1
                                    

Unicode

အပိုင်း - ၈၁ သူအရမ်းလွန်သွားပြီ!

“ မင်းဂျုံနဲ့ လုပ်ထားတဲ့ မုန့်တွေပဲ စားရမယ် ကြက်ဥတို့ ပြုတ်ထားတဲ့ အသားတို့ ငါးအသားလွှာတို့ကိုရွေး ငါ မင်းကို ငါးစက္ကန့်ပေးမယ်  မြန်မြန်လေး‌ ရွေး "

ယင်းရှောင်ကျဲက နဲနဲလေးတောင် အလျော့မပေးဘဲ စတင်ပြီးရေတွက်ကာ ဘာရွေးမလဲဆိုတဲ့ သဘောနဲ့ ကြည့်နေသည်

မုရှောင်းရှောင်  အကူအညီမဲ့စွာနဲ့ပဲ

"ဒါဆိုလဲ ငါ ကြက်ဥနဲ့ ပြုတ်ထားတဲ့ အသားကိုပဲ ငါယူလိုက်ပါ့မယ် အခြားတစ်ခုခု ထပ်ထည့်လို့ရသေးလား? ဥပမာ စတော်ဘယ်ရီ ကိတ်တို့ ဘာတို့ပေါ့ နော် နဲနဲပဲလေ နော် နော် "

ယင်းရှောင်ကျဲက သူမကို တစ်ချက်ပဲ ဖြတ်ခနဲ စိုက်ကြည့်လိုက်ပြီး သူမနံဘေးမှာပဲ ဖုန်းနံပါတ်တစ်ခုကို ခေါ်လိုက်‌တော့သည်

မုရှောင်းရှောင် ယင်းရှောင်ကျဲ ပြောတာကို သေချာ မကြားရဘဲ သူမရပ်‌နေတဲ့နေရာမှာပဲ  ငြိမ်ငြိမ်လေး ရပ်နေခဲ့သည်

"အစားအစာ ရောက်လာအောင် ဘယ်လောက်ကြာကြာစောင့်ရမှာလဲ ? " 

မုရှောင်းရှောင်  တစ်ခွန်းသာ မေးပြီး ညကောင်းကင်ယံကိုသာ တိတ်တဆိတ် လေ့လာနေမိသည်   အမှောင်ထုသည်တောက်ပနေသောကြယ်များဖြင့်ပြည့်နှက်နေပြီးအလွန်လှပနေသည် ဒါကိုကြည့်လိုက်တော့ သူမရဲ့စိတ်ကပိုပြီး နေလို့ကောင်းလာပေမယ့် အစာအိမ်ကဆာလောင်ကြောင်း အချက်ပြနေသည်

"သိပ်မကြာပါဘူး။ ထိုင်ဖို့နေရာရှာကြစို့"

ကံကောင်းတာက သူတို့ရပ်‌‌နေတဲ့ ပတ်ပတ်လည်မှာ မြက်တွေရှိသည်  ဒါကြောင့်သူတို့ထိုင်ချနိုင်သော နေရာများအများအပြားရှိသည်

မုရှောင်းရှောင် သူမမျက်နှာကို ရှုံ့တွပြီး

"ဒီမှာ ပိုးကောင်တွေရှိလား?  "

"ဟုတ်တယ်၊ ပိုးကောင်တွေ အများကြီး ရှိတယ် မြွေတွေတောင် ရှိတယ် မင်းမထိုင်ချင်ဘူးလား?"

  ယင်းရှောင်ကျဲ ဆိုးဝါးစွာပြုံးပြပြီး ပြောရင်း ထိုင်ချလိုက်သည်

ချစ်ခြင်းဘီလီယံ  ( Billion of Pampering Only For You)Where stories live. Discover now