အပိုင်း -၈၀

2.3K 252 4
                                    

Unicode

အပိုင်း -၈၀ ဘယ်လိုဖြည့်ဆည်း‌ ပေးရမလဲ?

ညခင်းဖြစ်၍  တောင်က အေးဆေးတိတ်ဆိတ်‌နေပြီး
လေထုကလဲ သန့်ရှင်းလတ်ဆတ်နေသည်  ညလေပြေက သူတို့၏ပါးပြင်ပေါ်သို့ တိတ်တဆိတ် ရိုက်ခတ်နေတာကြောင့် အလွန်ပင် နေလို့ အဆင်ပြေသည်

မုရှောင်းရှောင်း ခေါင်းကို ယင်းရှောင်ကျဲ ပခုံးကို မှီထားပြီး ငိုက်နေသည် ယင်းရှောင်ကျဲ မုရှောင်းရှောင်ကို သူ့ကိုယ်ပေါ် တင်ပြီး တောင်ဆင်းလမ်းတစ်လျှောက် အတော်ကြာအောင် လျှောက်ပြီးတဲ့နောက်မှာတော့ ယင်းရှောင်ကျဲ ရဲ့ချောမောတဲ့မျက်နှာကဘေးကို ‌လှည့်လိုက်ပြီး

"နေလို့ ပိုကောင်းတယ်လို့ခံစားရလား? "

လို့ မေးခွန်း‌ထုတ်လိုက်တော့သည်

မျက်နှာချောချောကို  အနီးကပ် ကြည့်ရခြင်းဖြင့် မုရှောင်းရှောင် ပျော်ရွှင်နေမိသည် အခုတော့  သူမရဲ့နှုတ်ခမ်းလေးမှာပန်းရောင်သို့ပြန်သန်းလာပြီး နေလို့လဲ အဆင်ပြေလာတာကြောင့် ခေါင်းညိတ်ကာ အဖြေပြန်ပေးသည်

ယင်းရှောင်ကျဲ လျှောက်ရင် တောင်ခြေစွန်းတစ်ခုမှာရပ်လိုက်သည် ယင်းရှောင်ကျဲ ရပ်လိုက်တာကို သတိပြုမိတဲ့ မုရှောင်းရှောင်က သူမရဲ့ မျက်လုံးများကိုဖွင့်၍ ညခင်း
အမှောင်ထုမှာ လင်းလက်တောက်ပနေတဲ့ တောင်အောက်က မီးအလင်းရောင်စုံကို ငုံကြည့်မိသည် ဘယ်လိုမှ စိတ်ကူးလို့ မရရှိနိုင်တဲ့ လှပတဲ့ မြင်ကွင်းပင်

"လှလိုက်တာ "

ဟု မုရှောင်းရှောင် ညင်သာတိုးညှင်းစွာ ရေရွတ်သည်
တကယ်လို့ သူမတစ်ယောက်တည်းသာဆို သူမ အစွမ်းကုန် အော်ဟစ်ပြီး ဟစ်ကြွေးလိုက်ချင်သည်  သူမစိတ်ထဲရှင်းပြီး ပေါ့ပါးသွားမှာ အမှန်ပင်

ယင်းရှောင်ကျဲ ဘေးဘီကို မျှော်ကြည့်လိုက်ပြီး ဆက်သွားစရာနေရှာ ရှာလိုက်ပေမယ့် ‌အကုန် တကယ်မှောင်မိုက်နေပြီးဆက်သွားစရာနေရာမရှိတော့ပေ

"ငါတို့ပြန်သွားသင့်ပြီ မင်း အကုန်လုံး အန်ထုတ်ပစ်လိုက်တာ အခု တစ်ခုခုစားချင်လား?"

ချစ်ခြင်းဘီလီယံ  ( Billion of Pampering Only For You)Where stories live. Discover now