အပိုင်း - ၃၇

2.1K 193 1
                                    

Unicode


အပိုင်း-၃၇  နင် လုပ်ရဲတယ်ဆိုရင်တော့  ငါ့ကို ထားခဲ့လိုက်လေ

‌"ဝါး , လန့်လိုက်တာ "

မုရှောင်းရှောင် သူမဘေးနားမှာ လှဲနေတဲ့ ယင်းရှောင်ကျဲရဲ့ အေးစက်ချောမောတဲ့ မျက်နှာသေကြီးကို  တွေ့လိုက်ရတော့ သူမစိတ်ထဲမှာ မပြင်ဆင်ထားရသေးတာကြောင့် လန့်သွားရလေသည် .

နံဘေးမှာ လှဲနေတဲ့ ယင်းရှောင်ကျဲရဲ့ ချောမောလှတဲ့မျက်နှာဟာ ရှောင်းရှောင်ရဲ့မျက်နှာနဲ့ စင်တီမီတာ အနည်းငယ်ပဲ ကွာဝေးပေမယ့် တမင်   သူ ထပ်တိုးလိုက်ပြီး ‌ရှောင်းရှောင်ရဲ့ မျက်လုံးတွေကို စိုက်ကြည့်လိုက်သည်

ဒီအချိန်မှာတော့ မုရှောင်းရှောင် အိပ်ချင်စိတ် လုံးလုံးပြယ်သွားချေပြီ မုရှောင်းရှောင် သူမရဲ့ မျက်လုံးလှလှလေးတွေကို တောင်မြောက် ကြည့်ပြီး ကလယ်ကလယ်လေး‌ လုပ်လိုက်ကာ သူမအနီးနားကို ကပ်လာတဲ့ ယင်းရှောင်ကျဲကို ကြည့်ပြီး

" ဟေ့  နင်အရင် လာထိတာနော် ? မနေ့ကတော့ နင်ပဲ ငါ့ကို
လာပြီး တစ်ခုခုမလုပ်နဲ့လေး ဘာလေးနဲ့  ကိုယ့်ကိုကိုယ်
ငပွေဆိုတာလဲ သတိ‌လေးရဦး "

‌ပြောနေတုန်း ရှောင်းရှောင်ဟာ သူမရဲ့ လက်ချောင်းလေးတွေနဲ့ ယင်းရှောင်ကျဲရဲ့ ရင်ဘတ်ကို ထိုးထိုးပြီးပြောနေတာကြောင့် ယင်းရှောင်ကျဲ သူမရဲ့ လက်ချောင်းတွေကို ဖမ်းဆုပ်လိုက်ကာ မျက်လုံးတွေကို ကျဉ်းမြောင်းလိုက်ပြီး

"ရှောင်းရှောင်  မင်းသေချာကြည့် ဒီဘက် အခြမ်းက ငါပိုင်တာလေ မင်း‌အရင် စထိတာလေ "

ဒါပေါ့ သူလုံး၀ပြောမှာမဟုတ်ဘူး မနေ့က သူမလေးအိပ်ပျော်နေတုန်း သူ့ကို လုပ်ခဲ့တဲ့ ကိစ္စကိုပေါ့

မုရှောင်းရှောင် ခုတင်ကို ကြည့်လိုက်တော့လဲ သူတို့ မနေ့ကအိပ်တုန်းက တစ်ယောက်တစ်ခြမ်းစီအိပ်တာ ဖြစ်ပေမယ့်
အခုသူမက ယင်းရှောင်ကျဲရဲ့ အိပ်ရာဘက်ကို ရောက်နေပြီး ယင်းရှောင်ကျဲရဲ့ ခန္ဓာကိုယ်ကိုလဲ ရေဘဝဲလို့မျိုး ခွထားရက်သားဖြစ်နေသည် 

ဘယ်သူက အရင် စထိတာလဲ ဆိုတာက ဘယ်လိုပဲ ဖြစ်ဖြစ်သိသာနေတာပင်

ချစ်ခြင်းဘီလီယံ  ( Billion of Pampering Only For You)Where stories live. Discover now