အပိုင်း- ၁၉

2.3K 242 0
                                    

Unicode Version

အပိုင်း - ၁၉  အတန်းထဲက အချောဆုံးကောင်လေး

လူကုံတန်တွေတက်တဲ့ကျောင်းပဲဖြစ်လို့လားမသိ တစ်ချက်ပဲကြည့်လိုက်‌တာတောင်  အတန်းထဲမှာရှိတဲ့ကောင်လေးတော်တော်များများက ကြည့်ကောင်းနေသည် ဒါပေမယ့် မုရှောင်းရှောင်းက လုရိချန်ကို တွေ့သွားတာကြောင့်
သူမမျက်လုံးထဲမှာ ဒီကောင်လေးတွေဟာ အရမ်းချောတယ်ဆိုပြီး မခံစားရချေ

ဆရာမဝေက

" မုရှောင်းရှောင် သမီး ဘယ်‌နေရာမှာထိုင်ချင်လဲ
တစ်ဖက်လူကသာ အတူထိုင်ဖို့ သဘောတူမယ်ဆိုရင်
ဘယ်နေရာဖြစ်ဖြစ်တိုင်လို့ရတယ်နော် "

ဆရာမဝေရဲ့ စကားကို ကြားတော့ယောကျာ်းလေးတွေကအရမ်းကို စိတ်လှုပ်ရှားသွားကြတယ်

အကုန်လုံးအလျင်စလိုပဲ မုရှောင်းရှောင်ကို စကားပြောဖို့ လှုပ်ရှားလိုက်ကြတယ်

"မုရှောင်းရှောင် ငါ့ဘေးမှာ ထိုင်မယ်ဆိုရင်လေ မနက်စာနေ့တိုင်း၀ယ်ပေးမယ်သိလား "

‌"ကျောင်းသူမု ငါ့အဆင့်တွေက ကောင်းတယ်သိလား ငါ့ဘေးမှာလာထိုင် အဲဒါဆို စာသင်ရင် ပိုအဆင်ပြေမှာ  မသိတာရှိရင်မေးလို့ရတယ် ပြီးတော့ မုန့်လဲ နေ့တိုင်း‌၀ယ်ကျွေးမယ်လေနော် "

"အလှလေး ငါနဲ့ထိုင် ငါမင်းရဲ့ အစေခံ လုပ်ပေးမယ် ကြိုက်တာခိုင်းသိလား "

အဲစကားကြားတော့ ဘေးကလူတွေက နှာခေါင်းရှုံလိုက်သည်

မုရှောင်းရှောင် ဒီအတန်းကကောင်လေးတွေက စိတ်၀င်စားဖို့ကောင်းသားပဲဟု စိတ်လှုပ်ရှားစွာ တွေးလိုက်မိသည် ပြီးတော့ တစ်ချက်စဉ်းစားလိုက်ပြီး မေးလိုက်သည်

"ဒီအတန်းထဲမှာ ဘယ်သူက အချောဆုံးလဲဟင် "

မုရှောင်းရှောင် မထင်ထားတာက အားလုံးက တွေဝေသွားပြီး တုံ့ဆိုင်းနေကြသည် ပြီးတော့ အကုန်လုံးက တစ်နေရာထဲကိုစိုက်ကြည့်ပြီး  သူတို့ရဲ့ အမူအရာက ထူးဆန်းလို့နေသည်

မုရှောင်းရှောင်လဲ သူတို့ စိုက်ကြည့်တဲ့နေရာကိုလိုက်ကြည့်လိုက်တော့ နောက်ဆုံးတန်း ပြတင်းပေါက်ဘေးနားက ခုံနှစ်ခုံက လွတ်နေသည်

ချစ်ခြင်းဘီလီယံ  ( Billion of Pampering Only For You)Where stories live. Discover now