အပိုင်း - ၄

3.9K 418 3
                                    

Unicode Version

အပိုင်း - ၄ သခင်လေးကျဲရဲ့ ရည်းစားအသစ်လား ?

ကားဆရာက နှာခေါင်းရှုံ့လိုက်ပြီးတော့ "ဟေ့ မင်းကို ခဏလေးပဲကိုင်ပြီးတော့ ၄၈ယွမ်နဲ့ချေပေးလိုက်မှာလေ ဈေးပေါပါတယ် "

မုရှောင်းရှောင် ဒေါသတကြီးနဲ့
" ၄၈ ယွမ် ဟုတ်လား ? သွားသေလိုက် "

မုရှောင်းရှောင် တံခါးဖွင့်ပြီး ချက်ချင်းပဲကားပေါ်က ပြေးဆင်းလိုက်တယ် ကားဆရာလဲ မုရှောင်းရှောင် ‌တံခါးဖွင့်ပြီးပြေးဆင်းသွားမယ်လို့ ထင်မှတ်မထားတာကြောင့် အော်ဟစ်ပြီးကျန်ခဲ့တယ် အဲဒီအချိန်မှာပဲ  လှပတဲ့ ခန္ဓာကိုယ်လေးဟာ ဘားဆိုင်ကို ဦးတည်သွားတော့တယ်

ဘားဆိုင်ထဲကို ၀င်ဖို့ခြေလှမ်းပြင်လိုက်တဲ့အချိန်မှာ  ဆိုင်ရှေ့မှာ ရပ်နေတဲ့ လုံခြုံရေးက "ညီမလေး အခုထိအသက်မပြည့်သေးဘူးထင်တယ် "

"ကျွန်မ ယင်းရှောင်ကျဲကို လာရှာတာ " ဆိုပြီးပြောလိုက်တဲ့ အခါ ကားဆရာက မုရှောင်းရှောင်နောက်လိုက်လာတာကို ‌တွေ့လိုက်ရတယ်  မုရှောင်းရှောင် သူမရှေ့မှာ ပိတ်ကာရပ်နေတဲ့
လုံခြုံရေးကို ကြည့်ပြီး စိတ်ညစ်ညစ်နဲ့ပဲ သူတားနေတဲ့လက်အောက်ကနေ အသာလေးလျှိုပြီးတော့ ဘားထဲကို ပြေး၀င်လိုက်သည်

လုံခြုံရေးက မုရှောင်းရှောင်ရဲ့ ယင်းရှောင်ကျဲကို လာရှာတာဆိုတဲ့ စကားကြောင့် မုရှောင်းရှောင်ကို တားလဲမတားရဲ ၀င်ခွင့်လဲမပြုရဲ ဖြစ်နေသေးချိန်မှာ မုရှောင်းရှောင်ရဲ့ ဇွတ်ပြေး၀င်သွားမှုကို ကြုံတွေ့လိုက်ရတယ်

‌အနောက်ကနေလိုက်လာတဲ့ ကားဆရာလဲ မုရှောင်းရှောင်နောက်ကိုလိုက်ပြီး ၀င်မလို့ လုပ်လိုက်ပေမယ့် လုံခြုံရေးရဲ့ ရပ်တန့်ခြင်းကို ခံလိုက်ရတယ်

"ခင်ဗျားအထဲကို ဝင်လို့မရဘူး "

"ဘာဖြစ်လို့လဲ စောနက ၀င်သွားတဲ့ကောင်မလေးက ငါ့ကို ကားခပေးစရာရှိတယ် အဲကောင်မလေးနောက်လိုက်မလို့  ခင်ဗျားဖယ်ပေး "

"ဟမ့်  ခင်များကို ပေးစရာရှိတာတွေ မရှိတာတွေ နားမလည်ဘူး ငါတို့ ဘား က လူချောလေးတွေ  မိန်းမလှလေးတွေ အတွက် သီးသန့်ဘား ခင်များလို လူအိုကြီးတွေ လာရမယ့် နေရာ မဟုတ်ဘူး မြန်မြန်ထွက်သွားလိုက်တာ ကောင်းလိမ့်မယ် "

ချစ်ခြင်းဘီလီယံ  ( Billion of Pampering Only For You)Opowieści tętniące życiem. Odkryj je teraz