အပိုင်း - ၄၈

2K 211 9
                                    

Unicode

အပိုင်း - ၄၈ အရူးကောင်

"မင်းဘယ်လိုလုပ် ဒီလိုမျိုး ပျက်စီးသွားရတာလဲ ?"

ယင်းရှောင်ကျဲဆီက အဲဒီ စကား ကြားလိုက်ရတဲ့အခါ 
မုရှောင်းရှောင်း သူမရဲ့ ခန္ဓာကိုယ်လေး တစ်ခုလုံး  တဆတ်ဆတ် တုန်လာကာ မျက်လုံး‌တွေနဲ့ မျက်နှာ တစ်ခုလုံး နီမြန်းလို့လာသည်

အစကတည်းက သူမရဲ့ စိတ်က  ထိခိုက်နာကျင်နေတာပင်
လုရိချန် သူမကို အထင်လွဲတာက သူမအား သေချာနားမလည်သဖြင့် အထင်လွဲတာဖြစ်၍ စိတ်ထိခိုက်‌ ပေမယ့် အဆင်ပြေသေးသည် သို့သော် သူမအကြောင်း ကောင်းကောင်းသိသည့် ယင်းရှောင်ကျဲကပါ သူမကိုနားလည်မှုလွဲပြီး ဒီလိုမျိုး ပေါ့‌ပျက်ပျက် မိန်းကလေးအဖြစ် မြင်လိမ့်မည်ဟု လုံး၀ မမျှော်လင့်ခဲ့ပါ  ဒါကြောင့် သူမ ရဲ့ စိတ်ကော နှလုံးသားကပါ ပိုပိုပြီး ထိခိုက်နာကျင်လာရသည် 

ဒေါသလဲ ထွက် ရှက်လဲ ရှက်လာ‌တာကြောင့်
ရှောင်းရှောင်  မျက်နှာလှလှလေးပေါ်  မျက်ရည်များက ထိန်းမရတော့ဘဲ  မျက်တောင်ခတ်လိုက်သည်နှင့်အကြီးအကျယ်ကျဆင်းသွားတော့သည်။

ယင်းရှောင်ကျဲ ရုတ်တရက် မျက်ရည်တွေ ကျလာသည့် ရှောင်းရှောင်ကို ကြည့်မိပြီး  အံ့သြသွားသည်။

"ငါနင့်ကို စကား ဆက်ပြီး မပြောချင်တော့ဘူး!"

မုရှောင်းရှောင် သူ့ကို နာကျည်းစွာ အော်ဟစ်ရင်း ရုံးခန်း‌ထဲကနေ ပြေးထွက်သွားတော့သည်။

ယင်းရှောင်ကျဲ ဘာလုပ်လို့ လုပ်ရမှန်း မသိဖြစ်ကာ လက်သီးကိုသာ တင်းတင်းဆုပ်လိုက်မိသည်။

အဲနောက်မှာတော့ ကျောင်းအုပ်ကြီးက ယင်းရှောင်ကျဲကို တွန့်ဆုတ် တွန့်ဆုတ်နဲ့ ကြည့်လိုက်ပြီး

"သခင်လေးကျဲ  ဒါဆို  ... ဘာလုပ်လိုက်ရမလဲဟင် ? "

လို့ဂရုတစိုက်မေးလိုက်ပေမယ့်

"ခင်ဗျား ပါးစပ်ပိတ်ထား!" 

ယင်းရှောင်ကျဲ ခေါင်းရှုပ်ရတဲ့အထဲ လာစားနေတဲ့ ကျောင်းအုပ်ကြီးကို ‌နောက်သို့ လှည့်အော်လိုက်သည်။

ချစ်ခြင်းဘီလီယံ  ( Billion of Pampering Only For You)Where stories live. Discover now